Monday, November 28, 2016

"တရုတ်-မြန်မာ နှစ်နိုင်ငံစာပေနှင့် အနုပညာဖလှယ်ရေး သွားရောက်ခဲ့သော စာရေးဆရာ အဖွဲ့ပြန်လည်ရောက်ရှိ"


ရန်ကုန် နိုဝင်ဘာ ၂၈
တရုတ်-မြန်မာနှစ်နိုင်ငံ စာပေနှင့်အနုပညာဖလှယ်ရေး အစီအစဉ်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကူမင်း၊ ပေကျင်းနှင့် ချင်းတောင်မြို့များသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ စာရေးဆရာ ဦးကျော်စွာ (ချစ်ဦးညို)ဦးဆောင်သာ
အဖွဲ့သည် ယနေ့မွန်းလွဲ ၂နာရီခွဲတွင် ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိကြသည်။
အဆိုပါစာရေးဆရာအဖွဲ့တွင် ဦးကျော်စွာ(ဦးချစ်ညို)၊ ဒေါ်တင်တင်ဝင်း(ဂျူး)၊ ဒေါ်ခင်နှင်းဦး၊ ဒေါ်အေးအေးဝင်း(ဖြူမွန်)၊ ဦးမော်လင်း၊ ဦးအောင်တင် (ကာတွန်း မောင်မောင်အောင်)၊ ဦးအေးမောင်(အေးမောင်ကျော်)၊ ဦးသန်းအုန်း (မောင်ဇေယျာ)၊ ဦးဝင်းချိုတို့နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါ လာကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment