Tuesday, November 8, 2016

ကြက်ရင်း-ခေါင်းပွာ-လက်ပံကျေးရွာချင်းဆက်မြေသားလမ်းအားကျောက်ချောလမ်းအဆင့် မြှင့်တင်ခြင်းနှင့် လက်ပံချောင်းကူး တံတားတည်ဆောက်မည်


ပုလဲ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၃၀၀ ကျော်ဖြင့် ကြက်ရင်း-ခေါင်းပွာ-လက်ပံကျေးရွာ ချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သိန်း၈၀၀ ကျော်ဖြင့် လက်ပံချောင်းကူး တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။



ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးအောင်က “ကျွန်တော်တို့ ဌာနအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမှသည် ကျေးလက်လူမှုစီးပွားဘ၀မြင့်မား တိုးတက် လာစေရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၃၀၀ ကျော်ဖြင့် ကြက်ရင်း - ခေါင်းပွာ - လက်ပံကျေးရွာ ချင်းဆက် မြေသားလမ်းအရှည် ၆ မိုင်ခွဲ၊ အကျယ် ၁၂ ပေအား ကျောက်ချောလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၈၀၀ ကျော်ဖြင့် လက်ပံချောင်းကူး သံဘောင် ယက်မ သစ်သား တံတား အရှည် ၁၂၀ ပေ၊ အမြင့် ၁၂ ပေ၊ အကျယ် ၁၄ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပုလဲမြို့နယ်၊ ကြက်ရင်းကျေးရွာနေ ရပ်မိရပ်ဖဦးကျော်သန်းက “၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ် သိန်း ၃၀၀ ကျော်ဖြင့် ကြက်ရင်း-ခေါင်းပွာ-လက်ပံကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချော လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၈၀၀ကျော်ဖြင့် လက်ပံချောင်းကူး တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်မယ်လို့ ကြားသိရတဲ့အတွက်ကြောင့် အလွန်ကို ၀မ်းသာမိပါတယ်။ ဒီလမ်းက မိုးတွင်းဆိုရင် ဆိုင်ကယ်၊ မော်တော်ကားသွားလာလို့ မရဘဲ ခြေလျင်သာ သွားလာရပါတယ်။ လက်ပံကျေးရွာသူ/ ကျေးရွာသားတွေကလည်း မိုးတွင်း ချောင်းရေကျရင် အသက်အန္တရာယ်စိုးရိမ်ရလို့ ချောင်းကို ဖြတ်မကူးဘဲ ချောင်းရေကျချိန်မှသာ လျှင် သွားလာကြရတဲ့ ဒုက္ခတွေရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံတော်အစိုး၊ တိုင်းဒေသကြီးအစိုးအဖွဲ့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတာဝန်ရှိသူများက လက်ပံချောင်းကူး တံတားနဲ့ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးမယ်ဆိုတဲ့အတွက် ကျေးရွာသူ/ကျေးရွာသားများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်” ဟု ပြောကြားသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment