Friday, November 11, 2016

ဂန့်ဂေါတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသိမ်းဆည်းပေးလျှက်ရှိ


ဂန့်ဂေါ နိုဝင်ဘာ ၁၁
ဂန့်ဂေါမြို့တွင် နေအိမ်အဆောက်အဦး ပတ်ဝန်းကျင်နှင့် လမ်းဘေးရေမြောင်းများအတွင်းသို့ အမှိုက် စွန့်ပစ်ခြင်းမပြုပဲ အမှိုက်သိမ်းယာဉ်ရောက်ရှိသည့်အချိန်တွင် စနစ်တကျစွန့်ပစ်ရန်နှင့် ထိုသို့စွန့်ပစ်ခြင်းဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် လူထုကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နှိုးဆော်ထားသည်။
ထို့ပြင် အမှိုက်သိမ်းယာဉ်ရောက်ရှိက ပြည်သူများသိရှိနိုင်ရန် ခေါင်းလောင်းသံဖြင့် အသိပေးခဲ့ရာမှ ယခုပတ်မှစ၍ အသံချဲ့စက်ဖြင့်ဲ  ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်သည် လူကြီး မင်းတို့၏
မီးဖိုချောင်သုံးအမှိုက်များအား သိမ်းဆည်းရန် ရောက်ရှိနေပြီဖြစ်ပါ၍ လာရောက်စွန့်ပစ်နိုင်ရန် အသိ ပေး ကြေညာအပ်ပါသည်ဲ   စသည်ဖြင့်ကြေညာပေးရာ ပြည်သူများအနေဖြင့် အမှိုက်သိမ်းယာဉ်ရောက်ရှိ သည်ကို လွယ်လင့်တကူ သိရှိနိုင်ကြောင်း သိရသည်။
ဲ ခေါင်းလောင်းသံ ဆိုတာကတော့ အမှတ်တမဲ့ ဖြစ်နေသူတွေ မသိလိုက်တဲ့အခါ ရှိနိုင်ပါတယ်၊ အခု အသံနဲ့ကြေညာပေးတော့ ပြည်သူတွေအလွယ်တကူ သိနိုင်တယ်လေ၊ အမှိုက်သိမ်းရာမှာလဲ ပိုပြီးမြန်ဆန်လာ တာ တွေ့ရပါတယ်၊ ရပ်ကွက်တွေအလိုက် ရက်တွေသတ်မှတ်ထားပါတယ်၊ သတ်မှတ်ရက်တွေမှာ အမှိုက်သိမ်း ယာဉ် ရောက်မလာရင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ဖုန်းအမှတ် ၀၆၂- ၅၀၀၃၂ နဲ့ ၀၉၄၀၁၅၁၉၄၀၈ ကို ဆက်သွယ်နိုင်ကြပါတယ်ဲ  ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးကျော်လင်းက ပြောသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment