Monday, November 28, 2016

ဇောတိက စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ပဲခူး၊ နိုဝင်ဘာ ၂၇
ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက၊် အခြေခံပညာ အလယ်တန်းကျောင်းဆောင်၌ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် “ပညာပြည့်ဝနှလုံးလှသော နိုင်ငံသားများ ပေါ်ထွက်လာရေး အရှည်မျှော်တွေးကာ မွန်မြတ်သော စိတ်ထားဖြင့်” တည်ဆောက်ခဲ့သော ဇောတိကကျောင်းဆောင်သစ် အဆောက်အဦအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဇောတိကကျောင်းဆောင်သစ် အဆောက်အဦအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း  မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။
ထို့နောက် ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီစံက ကျောင်း၏ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် အလှူရှင်မိသားစုဝင် ဦးရန်နိုင်မှ ကျောင်းဆောင်သစ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပုဏ္ဏားစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အထိမ်းအမှတ် အလံများနှင့် စာရွက်စာတမ်းတို့အား တာဝန်ရှိသူများထံ အလှူရှင်မိသားစုမှ လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါ ဇောတိကကျောင်းဆောင်သစ် အဆောက်အဦသည် အလျား (၆၀) ပေ၊ အနံ (၃၀) ပေရှိ RC တစ်ထပ် အဆောက်အဦ ဖြစ်ပြီး အလှူရှင်မိသားစုမှ ငွေကျပ်သိန်းနှစ်ရာကျော် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

(ပဲခူးခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment