Thursday, November 10, 2016

ဝါးခယ်မမြို့နယ် အ.ထ.က (၁) ကျောင်း စုပေါင်း မဟာဘုံကထိန် ပွဲတော် စည်ကားစွာ လှည့်လည်

ဝါးခယ်မ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ စုပေါင်း မဟာဘုံကထိန်ပွဲတော်  အလှူတော်မင်္ဂလာတွင် ဆက်ကပ်လှူဒါန်းမည့်  ငွေပဒေသာပင်များဖြင့် မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခြင်းကို နိုဝင်ဘာ ၁၀ ရက် နံနက်က ပြုလုပ်ခဲ့သည်။

ယင်းသို့ အ.ထ.က (၁) ကျောင်း၏ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို (၅၂) ကြိမ်မြောက် အဖြစ် အတန်းအသီးသီးမှ လှူဒါန်းသော ပဒေသာပင် ၃၄ ခုဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလဲ့က ဦးဆောင်ကာ အတန်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် မြို့နယ်အတွင်းသို့ စည်ကား သိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment