Tuesday, November 8, 2016

ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဘက်စုံထူးချွန်စာမေးပွဲများကျင်းပ

ယင်းမာပင် နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့တွင် နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက အခြေခံပညာကျောင်းများရှိ စတုတ္ထတန်း ၊ အဌမတန်း ၊ ဒဿမတန်း ကျောင်းသား/ကျောင်းသူများ၏ ဘက်စုံထူးချွန်စာမေးပွဲ ကျင်းပသည်။

ဘက်စုံထူးချွန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁၄) ကျောင်းများမှ ဒဿမတန်း ကျောင်းသား /ကျောင်းသူ(၂၈) ဦးက အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းကျောင်း (၅၀) ကျောင်းမှ အဌမတန်း ကျောင်းသား/ကျောင်းသူ(၆၄) ဦးက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လည်းကောင်း၊ မူလတန်းကျောင်း (၆၆)ကျောင်းမှ စတုတ္ထတန်း ကျောင်းသား /ကျောင်းသူ (၁၄၄) ဦးက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် လည်းကောင်း ပြိုင်ပွဲနေရာများ သတ်မှတ်ကျင်းပရာ ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၂၃၆) ဦး ၀င်ရောက်ယှဉ်ပြိုင် ဖြေဆိုကြကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထူးချွန်စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။

ယင်းမာပင်ခရိုင်၊ ပြန်/ဆက်

No comments:

Post a Comment