Thursday, November 17, 2016

အိမ်မဲတွင်အေရိုးဗစ်သင်တန်းဖွင့်လှစ်


အိမ်မဲ     နို ဝင်ဘာလ     ၁၇
ဧရာဝတီတိုင်းဒေသကြီးမြောင်းမြ ခရိုင်အိမ်မဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက အေရိုးဗစ် သင်တန်းကို အထက အိမ်မဲ ရွှေညီလာခန်းမတွင် နိုဝင်ဘာလ ၁၆ ရက်နေ့နံနက် ပိုင်းမှစ၍ အေရိုးဗစ် သင်တန်းကိုစတင် ဖွင်လှစ်ခဲ့ပြီး သင်တန်းကာလ ၅ ရက် သင်ကြားပေးသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ အေရိုးဗစ်သင်တန်းတွင် ကျောင်းသူ ၄၀ ဦးတက်ရောက် လျှက်ရှိပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒေါ်သဲမို့မို့စိုး နည်းစနစ်မှူး (မြို့နယ်တာဝန်ခံ)က စနစ်တကျသင်ကြား ပေးသွားမှာဖြစ်ပြီး သင်တန်း သားကျောင်းသူ များမှထူးချွန် ကျောင်းသူ၁၂ ဦးအားရွေးချယ်၍ နိုဝင်ဘာလ၂၀ရက်နေ့တွင်မြောင်းမြ ခရိုင် ၃မြို့နယ် လူရွေးပွဲတွင်ပါဝင် ယှဉ်ပြိုင်ရွေးချယ်ရမှာဖြစ်ကြောင်း သိရသည်။
အားကစားနည်းစနစ်မှူးဒေါ်သဲမို့မို့စိုးမှ ကျောင်းသူလေးများအား စနစ်တကျသင်ကြားပေးသကဲ့သို့ကျောင်းသူ လေးများကလည်း စိတ်ဝင်စားပြီး တက်ကြွစွာ ပါဝင်သင်ကြားလျှက်ရှိကြောင်း သိရသည်။
ကျောင်းသူလေးများ အားကျောင်းပညာရေး တစ်ခုတည်းသာ မဟုတ်ဘဲကာယ ညာဏစွမ်းရည်များ တိုးတက် လာ စေရေးအတွက်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန် /ဆက်

ပေးပိုသူ ဒေါ်ဌေးဌေးလှိုင်(  အိမိမဲပြန်/ ဆက်)

No comments:

Post a Comment