ဟနွိုင်း အောက်တိုဘာ ၂၆
နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား
ဗီယက်နမ်ဆိုရှယ် လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျန်းဒိုက်ကွမ်းက ဂုဏ်ပြုကြိုဆို သည့် အခမ်းအနားကို
ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီတွင် သမ္မတအိမ်တော်၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည်
ဂုဏ်ပြုကြိုဆိုသည့်နေရာသို့ ရောက်ရှိလာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ နှင့်ဇနီးတို့က
ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးထင်ကျော်အား
ဗီယက်နမ်သမ္မတ မစ္စတာ ကျန်းဒိုက်ကွမ်းက ၎င်းနှင့်အတူ ကြိုဆို နှုတ်ဆက်ကြသူများနှင့် မိတ်ဆက်ပေးပြီး
နိုင်ငံတော် သမ္မတကလည်း အတူလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်
ပြန်လည် မိတ်ဆက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊
ဗီယက်နမ်သမ္မတနှင့်ဇနီးတို့သည် သမ္မတ အိမ်တော်ဧည့်ခန်းမဆောင်၌ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မြန်မာ-
ဗီယက်နမ်နှစ်နိုင်ငံဆွေးနွေးပွဲကို ဗီယက်နမ် သမ္မတ အိမ်တော်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ
ဦးထင်ကျော်နှင့်အဖွဲ့ဝင်များ၊ ဗီယက်နမ် သမ္မတနှင့်ဝန်ကြီးများ၊ အဆင့်မြှင့်အရာရှိကြီးများ
တက်ရောက်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုကဏ္ဍများ
ပိုမိုပူပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံတပ်မတော်များ အကြား ဆက်ဆံမှုတိုးမြှင့်ရေးနှင့်
ဒေသတွင်းနှင့်နိုင်ငံတကာ ကိစ္စရပ်များကို ဆွေးနွေးကြပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်
တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်တွင်
နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေး၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့်
ကုန်သွယ် မှုတိုးမြှင့်ရေး၊ စီအမ်လ်အမ်ဗွီနှင့် အက်မက်စ် မူဘောင်အောက်တွင် နီးကပ်စွာပူးပေါင်း
ဆောင်ရွက်ရေးတို့ ပါဝင်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည်
ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည်အဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ စိုက်ပျိုးရေးနှင့်
ရေလုပ်ငန်းကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ လေကြောင်းခရီးစဉ်တိုးချဲ့နိုင်ရေး၊ အနီးကပ်ပူးပေါင်း
ဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းကြား အပြန်အလှန်ထိတွေ့ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍
ဆွေးနွေးကြပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်
ဗီယက်နမ်ကွန်မြူပါတီ အထွေထွေအတွင်းရေးမှူး မစ္စတာ ငုယင်ဖုချောင့်နှင့် ပါတီရုံးချုပ်၌
တွေ့ဆုံသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည်
ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏
ဇနီးဒေါ်စုစုလွင်သည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့်အတူ
ဟနွိုင်းမြို့ရှိ ရှေးဟောင်းတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment