Friday, October 28, 2016

ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးတွင် အမြန်ရေယာဉ်နစ်မြုပ်မှုမှ ထွက်ပြေးတိမ်းရှောင်နေသော မော်တော်ရေယာဉ်မောင်းမှ တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံ

ကနီ   အောက်တိုဘာ     ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်(၅)နာရီတွင် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့  ရေယာဉ်မောင်း ဇော်မျိုးဝင်း မောင်းနှင်လာသော
အလျား (၁၁၅)ပေ၊ အနံ(၉)ပေ၊ ဇောက် (၄)ပေ (၆)လက်မရှိ မစ်ဆူဘီရှီ(၄၀)၊ (၆)လုံးထိုး အင်ဂျင်စက်တပ် အောင်စိုးမိုးကျော်(၂) ခရီးသည်တင် အမြန်ရေယာဉ် စိမ်းဝါရောင်သံခံရေယာဉ်အား နစ်မြုပ်အောင် မဆင်မခြင် မောင်းနှင်ခဲ့သော မော်တော် ရေယာဉ်မောင်း ဦးဇော်မျိုးဝင်း အသက်(၄၀)နှစ်၊ (ဘ)ဦးစံပိုင် မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာမှ အောက်တိုဘာ ၂၈ ရက်နေ့ နံနက် (၁၀)နာရီ(၃၀)မိနစ်က စစ်ကိုင်းတိုင်းဒေကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment