Saturday, July 23, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အရှေ့တောင်အာရှ နျူကလီယား လက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်



ဗီယင်ကျန်း ဇူလိုင် ၂၃
နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် အရှေ့တောင်အာရှ နျူကလီယား လက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတို့သို့ တက်ရောက်သည်။







အရှေ့တောင်အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပရာ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် စာချုပ် (၂၀၁၃- ၂၀၁၇) အကောင် အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်း အစီအစဉ်များကို ပြန်လည် သုံးသပ်ခြင်းနှင့်  အရှေ့တောင် အာရှ နျူကလီးယား လက်နက် ကင်းမဲ့ဇုန် စာချုပ်ဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ်ဆိုင်ရာများကို ဆွေးနွေး ကြသည်။
ထို့နောက် ပြည်ထောင်စု ၀န်ကြီးသည် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အာဆီယံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ သို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင်  လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာ ကော်မရှင်မှ တင်ပြထားသည့် ကော်မရှင်၏ နှစ်စဉ် အစီရင်ခံစာ (၂၀၁၆) ကို ပြန်လည် သုံးသပ်ခြင်း၊ ဒုတိယ အကြိမ်မြောက် ၅ နှစ် လုပ်ငန်းစီမံချက် (၂၀၁၆- ၂၀၂၀)၊ ၂၀၁၆ခုနှစ် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများကို ဆွေးနွေးကြသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် အစည်းအဝေးသို့ တက်ရောက် လာကြသူများနှင့် အတူ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး MR. Saleumxay Kommasith က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment