နေပြည်တော်၊ ဇွန်(၅)
နိုင်ငံတော်၏ အဘက်ဘက်မှ
အားနည်းချက်များ၊ အခက်အခဲပြဿနာများ နှင့် ပြည်သူတို့ ၏ လိုအပ်ချက်များကို အကောင်းဆုံး
ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်ချက်များ ထားရှိသော မိမိတို့အနေဖြင့် ပြည်သူလူထုကို
အလုပ်အကျွေးပြုစုသည့် ပြည့်အစေခံအဖြစ် ခံယူပြီး ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
လက်ရှိအခြေအနေမှ မိမိတို့အားလုံး မျှော်မှန်းထားကြသည့် အနာဂါတ်သစ်ကို လှပစွာ ပုံဖော်
ထုဆစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်
ပြည်သူများအားလုံးက မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်
ကြိုးပမ်းကြစေလိုပါ ကြောင်းဖြင့် ဇွန်(၄)ရက် နံနက် (၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊
ငါးလုပ်ငန်းဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံစဉ်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
က ဆွေးနွေး ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး
က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင်
စည်းကမ်းမဲ့ ဖမ်းဆီး ထုတ်ယူမှုနှင့် ဖောက်ပြန်ပြောင်းလဲလာသော ရာသီဥတု တို့ကြောင့် ငါးသယံဇာတများ
အလွန်အမင်းလျော့နည်းလာမှုအပေါ် ပြန်လည်ကုစားနိုင်ရေး အတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း
၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဌာန်းသတ်မှတ်နိုင်ရေးဆောင်ရွက်ခြင်းများ
အပါအဝင် မွေးမြူရေးကဏ္ဍမှ တိုင်းရင်း ငါးသားပေါက်များ၊ မွေးမြူရေး ငါးသားပေါက်များကို
သဘာဝရေပြင်တွင် မျိုးစိုက်ထည့် ပေးခြင်း၊ ပုဂ္ဂလိက ငါး ပုဇွန် မွေးမြူထုတ်လုပ်ရေးကို
အားပေးကူညီဆောင်ရွက်ခြင်း၊ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများအတွက် ချေးငွေများပံ့ပိုးပေးခြင်းနှင့်
ငါးအစာ ဈေးနှုန်း တည်ငြိမ်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တိုးပွားလာသော
လူဦးရေ၏ ငါးရိက္ခာလိုအပ်ချက် နှင့် ဈေးကွက်၏တောင်းဆိုမှု တို့ကြောင့် တိုးမြှင့်လိုအပ်လာလျက်ရှိသော
ငါးရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ခေတ်မီ ရေချို ရေငန် ငါး ပုဇွန်မွေးမြူရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရေလုပ်သားများ၏ လူမှုစီးပွားဘဝများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး
တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ပေးကြရမည် ဖြစ်ပါကြောင်း၊ကမ်းဝေးငါးဖမ်းလုပ်ငန်းများတွင်
ခေတ်မီပင်လယ်ရေနက် ငါးဖမ်းလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အတွက်
ဥပဒေနှင့်အညီ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အဖွဲ့များ မှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို
ဆွေးနွေးမှာကြားပါသည်။
အလားတူ မွန်းတည့်(၁၂)နာရီတွင်
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကြပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏
ဆောင်ရွက်နေမှုများ၊ ရှေ့ဆက် အကောင် အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက်
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။


No comments:
Post a Comment