နေပြည်တော် မတ်
၎
ပြည်သူ့လွှတ်တော်
နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ
သံအမတ်ကြီး H.E. Mr. Mark McDowell အား ယနေ့မွန်းလွဲ(၂)နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr.Gautam Mukhopadhaya အား ယနေ့မွန်းလွဲ(၃)နာရီတွင်
လည်းကောင်း ကော်မတီရေးရာ ဆောင် (I-5)၌ သီးခြားစီတွေ့ဆုံသည်။
တွေ့ဆုံစဉ် လွှတ်တော်အချင်းချင်း
အတွေ့အကြုံဖလှယ်ရေး ကိစ္စများကို လည်းကောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသော
ပညာရေးနှင့် စိုက်ပျိုးရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် အဖွဲ့ဝင် ဦးဇော်သိန်းတို့
တက်ရောက်ကြသည်။


No comments:
Post a Comment