ရန်ကုန် မတ် ၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့်
ရန်ကုန်မြို့နေပြည်သူ များရေလုံလောက်စွာ ရရှိနိုင်ရေး အတွက် အစီအမံများချမှတ်ကာ လုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများအနက် ကမ္ဘောအေးဘုရားလမ်းတစ်လျှောက်ရှိ
ရေယိုစိမ့်မှု များပြားသည့် ဟောင်းနွမ်း သက်တမ်းရင့် ရေပိုင်လိုင်းများအား အသစ်လဲလှယ်ရန်
ဂျပန် နိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ အချင်း ၁၀၀၀ မီလီမီတာ၊
အချင်း ၃၀၀ မီလီမီတာ၊ အချင်း ၂၀၀ မီလီမီတာ ရေပို့ပိုက် လိုင်း(၁ ဒသမ ၈၆)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းပြီးစီးတော့မည်ဖြစ်၍
ရေပေးဝေရန် ပိုက်လိုင်းပေါင်း ဆက်သွယ်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၈)နာရီမှ စတင်ဆောင်ရွက်လျက်ရှိပြီး
မတ်(၇) ရက်နံနက်(၈)နာရီတွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်သည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း
မရမ်းကုန်းမြို့နယ် အမှတ်(၉) နှင့်အမှတ်(၁၀)ရပ်ကွက်များ၊ ရန်ကင်း မြို့နယ် အမှတ်(၅)၊(၆)၊(၇)နှင့်(၈)ရပ်ကွက်များ၊
ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ရွှေတောင်ကြား (၂)ရပ်ကွက်နှင့် ဆရာစံ ရပ်ကွက်များ၊
ကမာရွတ်မြို့နယ်အမှတ်(၉)နှင့် အမှတ်(၁၀) ရပ်ကွက် များတွင် ခေတ္တ ရေပြတ်တောက်မည်ဖြစ်သဖြင့်
ရေကြိုတင်စုဆောင်းသုံးစွဲနိုင်ရေး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က
အသိပေး ကြေညာ ထားကြောင်း သိရသည်။
No comments:
Post a Comment