ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း
အသစ် လျှောက်ထားခြင်းများနှင့် သက်တမ်းတိုးခြင်း များအား ခွင့်ပြုပေး နေမှုအခြေအနေ
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏
သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်
(၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊
စီမံခန့် ခွဲရေးကော်မတီကပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်အသစ်လျှောက်
ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်း၊ လုပ်ငန်းအမည်ပြောင်း ခြင်းနှင့် ပုံနှိပ်သူ/
ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး များဖြင့်
စိစစ်၍ ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့ရာ (၂၆-၂-၂၀၁၆)ရက်နေ့ကပြုလုပ်သော
ပြန်ကြားရေးဝန်ကြီး ဌာနစီမံခန့်ခွဲရေး ကော်မတီအစည်း အဝေးတွင် ပုံနှိပ်လုပ်ငန်းအသစ်လျှောက်ထားသူ
(၁၀)ဦး ၊ ထုတ်ဝေခွင့်အတွက်အသစ် လျှောက်ထားသူ သတင်းစာထုတ်ဝေခွင့် (၁)ဦး၊ ဂျာနယ်ထုတ်ဝေခွင့်
(၅)ဦး၊ မဂ္ဂဇင်းထုတ်ဝေခွင့်(၂)ဦး ၊ အထွေထွေ ထုတ်ဝေ ခွင့် (၁၉)ဦး ၊ ပေါင်းလုပ်ငန်းအသစ်
(၂၇)ဦး နှင့် သတင်းအေဂျင်စီအသစ်(၂)ဦးတို့အား အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်သူအမည်ပြောင်း (၂) ဦး တို့ကိုလည်း ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း
နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှ စ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်းအတွက် သက်တမ်းတိုး(၁၀၄၃)ဦး
နှင့် အသစ်လျှောက်ထားသူ (၂၇၂)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း အတွက်သက်တမ်းတိုး (၉၉၁) ဦး နှင့်
အသစ်လျှောက်ထားသူ (၇၄၂)ဦး ၊ သတင်းအေဂျင်စီလုပ်ငန်း အသစ်လျှောက်ထားသူ (၂၈)ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊
ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ် (၃၀၇၆)စောင် အားစိစစ်
ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ သည်။
ပုံနှိပ်သက်တမ်းတိုးလျှောက်ထားသူ(၁) ဦးနှင့်
မဂ္ဂဇင်းအသစ်လျှောက်ထားသူ (၃)ဦး တို့အား အချက် အလက်များစိစစ်ဆောင်ရွက် ဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါ
သည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment