Monday, February 1, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်း က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးဝင်းမြင့် ထံ သို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်း က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသော ဦးဝင်းမြင့်ထံသို့ ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်းပေး အပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသော ဦးဝင်းမြင့် ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော ဦးဝင်းမြင့်အား ဂုဏ်ပြုစကားပြောကြားသည်။
အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဦးတီခွန်မြတ်၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment