Friday, January 1, 2016

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား



ပြည်သူလူထုတစ်ရပ်လုံး ယနေ့မှစ၍ နှစ်ကုန်အထိ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ ဘေးဘယာ အပေါင်းနှင့် ကင်း ဝေးကြ ပါစေ၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု၊ မေတ္တာ စေတနာ၊ သံယောဇဉ် တရားများကို မှန်ကန်စွာ ထိန်းသိမ်းထားရှိ နိုင်ကြပါစေ၊ ယနေ့ ကာလသည် ပြည်သူများ၏ ဆန္ဒနှင့် အညီ အပြောင်းအလဲပြု လုပ်၍ အကောင်းများ ဖြစ်ပေါ် ရရှိရေးကို ပိုမို မျှော်လင့်နိုင်ကြပြီ ဖြစ် သည်။

ယနေ့ကာလသည် ပြည်သူလူထု၏ ကိုယ်စိတ် နှစ်ပါးလုံးကို လုံခြုံမှုပေးနိုင်ပြီး ငြိမ်းချမ်းသော၊ ခေတ်မီတိုးတက် သော ပြည်ထောင် စုကြီး ပေါ်ထွန်း ရေးအတွက်အခွင့်အလမ်းများကို ပိုမိုရရှိလာပြီဖြစ် သည်။
ယနေ့ကာလသည် ရရှိလာသောအခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့် အချိန်လည်းဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားအချင်းချင်း ပိုမိုပြန်လည် သင့်မြတ်ကြပြီး ထားရှိထိန်းသိမ်းသင့်သော မျိုးချစ်စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ပါသည်။ ဆက်လက်ပြီး စေတနာမှန်၊ လုပ်နည်းမှန်များဖြင့် အစဉ်အမြဲ တိုင်ပင်ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း များ ပြုလုပ်ကြပါ လျှင် မြန်မာတို့၏ ဂုဏ်သိက္ခာကို တစ်နေ့ တခြား မြှင့်တင်နိုင်မည်ဖြစ် ပါသည်။ ပြည်သူတစ်ဦးချင်းစီကလည်း ရောက်ရာအရပ်မှ ကျရာတာဝန်ကို ကိုယ်စီကိုယ်င တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံ့ အတွက်၊ ပြည်သူ့ အတွက် နိုင်ငံ့ဂုဏ်သိက္ခာအတွက် မြှင့်တင် ဆောင်ရွက်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒများ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံသားကောင်း နိုင်ငံ သမီးမွန်များ ဖြစ်ကြပါစေ။

No comments:

Post a Comment