ရန်ကုန်- ဒီဇင်ဘာ
(၂၉)
သတင်းနှင့် ဓာတ်ပုံ-
ဇော်ကြီး (ပဏီတ)
မော်ဒယ်အေးချမ်းမြတ်မိုး
အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင်တရားရုံးက
အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်သည်။
အဆိုပါအမှုတွင်
ပြစ်မှုကျူးလွန်သူ မောင်အံ့ဖြိုးပိုင်ကို အနောက်ပိုင်းခရိုင်
တရားရုံးက ဒီဇင်ဘာ ၂၉ ရက် နံနက် (၁၁)နာရီတွင် ယင်းကဲ့သို့ အမိန့်ချမှတ် လိုက်ခြင်းဖြစ်ပြီး
ချုပ်ရက်များကို ပြစ်ဒဏ်မှ ထုတ်နှုတ်ခံစားခွင့် ပြုခဲ့သည်။
မော်ဒယ်အေးချမ်းမြတ်မိုးအား
၂၀၁၄ခုနှစ် သြဂုတ် (၂၆)ရက်က ဓါးဖြင့်ထိုးသတ် ခဲ့သည့်အမှုနှင့် စပ်လျဉ်း၍ မောင်အံ့ဖြိုးပိုင်ကို
ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် အရေးယူခဲ့ပြီး တစ်နှစ်နှင့် ငါးလအကြာတွင် အနောက်ပိုင်းခရိုင်
တရားသူကြီးက ယင်းကဲ့သို့ အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အသက် (၁၉) နှစ်
အရွယ်တက်သစ်စ မော်ဒယ် အေးချမ်းမြတ်မိုး၏ နေအိမ် ၀င်ပေါက် အနီး၌ မောင်အံ့ဖြိုးပိုင်က
သြဂုတ် (၂၆) ရက် ည(၇)နာရီခန့်တွင် စကားများရန်ဖြစ်ရာမှ အေးချမ်းမြတ်မိုး၏ လည်ပင်းတွင်
ဓားဒဏ်ရာရရှိပြီး ၎င်းဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ
သတင်း ထုတ်ပြန်ထားသည်။
သေဆုံးသူမှာ ဒဂုံတက္ကသိုလ်တွင်
အင်္ဂလိပ်စာဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းအချို့၌ မျက်နှာဖုံးမော်ဒယ်အဖြစ်
ဖော်ပြခဲ့သည့်အပြင် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
တက်သစ်စမော်ဒယ်
အေးချမ်းမြတ်မိုးအသတ်ခံရမှု ဖြစ်ပွားစဉ်က လူမှုကွန်ယက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့ရာမှ ပြည်သူများအထူးစိတ်ဝင်စားခဲ့ကြရာ ယနေ့ အပြီးသတ်
အမှုစီရင်ချက်ချမှတ်သည့်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့
သတင်းမီဒီယာများ၊ ၎င်းတို့၏ ဆွေမျိုးများနှင့်
စိတ်ပါဝင်စားသူ ပြည်သူများ အထူး များပြားခဲ့ကြောင်း တွေ့မြင်ရသည်။
No comments:
Post a Comment