Wednesday, December 30, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ၊  ဒီဇင်ဘာ- ၃၀
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းဆင်း အရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းဆင်း အရာရှိများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာ သုံးဆောင်ကြသည်။ ညစာ သုံးဆောင်နေစဉ် မြဝတီ တေးဂီတအဖွဲ့နှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်တီးဝိုင်း အဖွဲ့တို့က တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ ကျောင်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြဝတီ တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှု အားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment