Friday, August 14, 2015

ညောင်တုန်းမြို့ ၌ ပိတ်ထားခဲ့သောစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်


ညောင်တုန်း သြဂုတ် ၁၃
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် လိမ္မော်ရောင် အဆင့် အန္တရာယ် ရှိ အနေအထားသို့ ဖြစ်ပေါ်လာခဲ့၍ သြဂုတ် ၃ ရက်မှစတင်ကာ အခြေခံ ကျောင်းများ ကို ခေတ္တယာယီ ပိတ်ခဲ့ပြီး ယခုလ ၁၂ ရက်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည် သြဂုတ် ၃ရက် က အခြေခံပညာကျောင်းအချို့ရေကြီးနစ်မြုပ်မှုများရှိလာခြင်း၊ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်လာခြင်း၊ သဘာဝဘေးအန္တရာယ် အခြေအနေများကြောင့် အခြေခံပညာစာသင်ကျောင်းတချို့ ခေတ္တယာယီ  ပိတ်ထားခဲ့ရ သည်။
လက်ရှိတွင် ဧရာဝတီမြစ်ရေသည် သြဂုတ် ၁၁ ရက် နေ့လည်ပိုင်းမှစ၍ အန္တရာယ်ရှိရေမှတ် ၂၄ ဒသမ ၅ အောက်သို့ ကျဆင်းမှုများရှိလာသဖြင့် လိမ္မော်ရောင်အန္တရာယ်ရှိအနေအထားမှ သဘာဝဘေး အန္တရာယ်ကာ ကွယ်ရေးကော်မတီမှ ဖျက်သိမ်းလိုက်ကာ သြဂုတ် ၁၂ ရက် နံနက်ပိုင်းမှစ၍ ဧရာဝတီမြစ်ရေဝင်ရောက်ပြီး ရေကြီးနစ်မြုပ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့သော စာ သင်ကျောင်းများအားပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ  စာသင်ကြားနေကြပြီဖြစ်သည်။
''ကျွန်တော်တို့က ကျောင်းသားတွေကိုစာသင်ကျောင်းတွေအကြာကြီး ပိတ် မထား ချင်ပါဘူး။ ကြာကြာပိတ် ထားရင် ကျောင်း သားတွေက ပြင်ပစိတ်တွေဝင်လာပြီး စိတ်ဓာတ်ပိုင်းတွေ ယိုင်လာနိုင်တယ်။ စာဖက် စိတ်လျော့လာပြီး အသိပညာတွေနည်းပါး လာနိုင်မယ်။ စာတွေနောက်ကျလာပြီးစာ သင်ကြားရေးမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်''ဟု ညောင်တုန်းမြို့  အ-ထ-က(၂) မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်ချိုဦးက ပြောသည်။ ''ချို့နေရာတွေက မြစ်ရေကျ သွား ပေမယ့် ကျောင်းသန့် ရှင်းရေးတွေ လောလော ဆယ်လုပ်နေရတာရယ်။ သွားရလာရ မလွယ်ကူသေးတာ ရယ်။ ဒေသရဲ့အခြေ အနေတွေကြောင့် ချက်ချင်းကျောင်းပြန်တက်လို့မရသေးတာပါ။ အမြန် စာသင် ကြားရေးလုပ်ငန်းများကို အဓိထား လုပ်ဆောင်နေပါတယ်'' ဟု ရေကြီးနစ်မြုပ် နေသောကျောင်းမှ ကျောင်းအုပ်ကြီးတစ် ဦးက ပြောသည်။
ယခုလက်ရှိအနေအထားတွင် ညောင်တုန်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့် တက်လာမှုကြောင့် အန္တရာယ်ရှိ လိမ္မော်ရောင်အဆင့် အနေအထားများကြောင့် စာသင်ကျောင်းပေါင်း ၆၈ ကျောင်း၊ ဘုန်း တော်ကြီးကျောင်း ၄၄ ကျောင်း နစ်မြုပ်ရေလွှမ်းမိုးခံခဲ့ရပြီး စိုက်ပျိုးဧက ၉၉၈၈ ရေဖုံးလွှမ်းခြင်းခံခဲ့ရသည်။ ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်းလာပါ က ရေနစ်မြုပ်နေသော သွားလာရ ခက်ခဲ သည့် အချို့နေရာများ၊ စာသင်ကျောင်းများအမြန် ဖွင့်လှစ်နိုင်ရေးအ တွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် ပညာရေးဌာနတို့ ညှိနှိုင်းပေါင်းစပ်ပြီး အမြန်ဖွင့်လှစ်ဆောင် ရွက်သွားမည်ဖြစ် သည်။ ထို့ပြင် ရေကြီးနစ်မြုပ်ဒေသ များမှ ရေဘေးသင့်ပြည် သူများသည်လည်း ပြန်လည် ထူ ထောင်ရေးလုပ်ငန်း ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ထွန်းကျော်(ညောင်တုန်း)

No comments:

Post a Comment