Monday, August 10, 2015

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ညောင်တုန်း ဇလွန် ဟင်္သာတရေဘေးသင့် ပြည်သူများအား ကူညီလှူဒါန်း





ဟင်္သာတ သြဂုတ် ၁၀

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ နာယက ဒေါ်နီနီဝင်းနှင့် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇင်မာထွန်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် သြဂုတ်လ ၉ ရက်နံနက် ပိုင်းက ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့နှင့် ဇလွန်မြို့တို့၌ ဖွင့်လှစ်ထားသော ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည် သူများအားအားပေးစကားပြောကြားကာ ညောင်တုန်းမြို့ ရေဘေးသင့် ပြည်သူများအား ငွေကျပ် (၂၁၀၉၀၀၀) တန်ဘိုးရှိ ဆန်၊ ဆီ၊ အ၀တ်အထည်များ၊ တာပေါ်လင်စနှင့် ဆေးဝါးများပါ ပစ္စည်း(၁၆)မျိုးကိုလည်းကောင်း၊ ဇလွန်မြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ငွေကျပ်(၂၂၁၀၀၀၀) တန်ဘိုးရှိ ကယ်ဆယ်ရေးနှင့် စားသောက်ကုန်၊ ဓာတ်ဆားထုတ်များနှင့် အ၀တ်အထည်များ ကိုလည်းကောင်း ပေးအပ် လှူဒါန်းခဲ့သည်။


ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကနှင့်အဖွဲ့များသည် မွန်းလွဲ (၁း၃၀)အချိန်တွင် ဟင်္သာတမြို့သို့ ရောက်ရှိကာရေဘေးကယ်ဆယ်ရေး စခန်းများသို့သွားရောက်ပြီး အားပေးစကားများ ပြောကြားကာ ငွေကျပ်(၇၅၁၅၀၀၀)တန်ဘိုးရှိ ဆန်၊ ဆီ၊ ရေသန့်၊ အင်္ကျီ၊ ဦးထုတ်၊ဗလာစာအုပ်၊ ချိုချဉ်နှင့် ကယ်ဆယ်ရေးပစ္စည်း များကို ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် အဖွဲ့ချုပ်နာယကနှင့်အဖွဲ့ဝင်များသည် ဟင်္သာတမြို့၌မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ဖွင့်လှစ်သော စက်ချုပ်သင်တန်းသို့ သွားရောက်ကာ သင်တန်းသူများ အတွက် ငွေကျပ်(၅)သိန်းကိုထောက်ပံ့လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဒေါက်တာခင်ဆွေမြင့်ကသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကို စက်ချုပ်သင်တန်းသူ(၅၀)ဦးနှင့် မြို့ပေါ်ရပ်ကွက် များရှိ အမျိုးသမီးငယ်များအားဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။


ခရိုင်ပြန်/ဆက်(ဟင်္သာတ)

No comments:

Post a Comment