မန္တလေး သြဂုတ် ၅
မြန်မာနိုင်ငံတစ်ဝန်း၌
ဖြစ်ပေါ်နေသည့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်
ဆောင်ရွက်လျက်ရှိပြီး လွယ်ဟိန်း ကုမ္ပဏီလီမိတက်နှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ် ရတနာပုံ
ဘောလုံးအသင်း တို့လည်း ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည်။
လွယ်ဟိန်း
ကုမ္ပဏီလီမိတက်သည် ၄င်းတို့၏ ထုတ်ကုန်ဖြစ်သည့် Alpine သောက်ရေသန့် ဘူးများကို ရေဘေးသင့်
ပြည်သူ များအား လှူဒါန်းလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ Alpine ရုံးချုပ်များတွင်
လည်း ရေဘေးကယ်ဆယ် ရေးစင်တာများ ဖွင့်လှစ် ထားကာ လှူဒါန်းမှုများအတွက် ကူညီ ဆောင်ရွက်ပေးလျက်ရှိ
သည်။
ရေဘေးသင့်
နေရာများအတွက် ကူညီ ဆောင်ရွက်ပေးနေသည့် ပရဟိတ အဖွဲ့အစည်းများကိုလည်း Alpine ရေသန့်ဘူးများ
အခမဲ့ လှူဒါန်းလျက်ရှိပြီး သြဂုတ် ၅ ရက်က လျှောက်လွှာများ စတင်လက်ခံခဲ့ရာ ရတနာပုံ အသင်းက
လက်ရွေးစင်ကစား များဖြစ်သည့် ရန်ပိုင်၊ အောင်သူ၊ ရဲကိုဦး၊ စည်သူအောင်၊ ရှိုင်းသူရ စသည့်
ကစားသမားများက ကူညီဆောင်ရွက်ပေးခဲ့သည်။
ရတနာပုံအသင်းပိုင်ရှင်
ဒေါက်တာ စိုင်းဆမ်ထွန်းကလည်း ကစားသမားများ၊ အနုပညာရှင်များနှင့် အတူ ရေဘေးသင့် ဒေသများ သို့
ယခုရက်ပိုင်းအတွင်း သွားရောက် လှူဒါန်းရန် စီစဉ်ထားကြောင်း သိရသည်။
သြဂုတ်
၅ ရက်တွင် လွယ်ဟိန်းကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေးစင်တာ၌ ရေသန့်ဘူး အလှူခံ ရန်
လျှောက် ထားသူတစ်ရာ ကျော်ရှိပြီး သြဂုတ် ၆ ရက် (ယနေ့)တွင် ပရဟိတအဖွဲ့ အစည်းများထံ ပေးပို့
လှူဒါန်းသွားမည်ဖြစ်သည်။ သြဂုတ် ၅ ရက်တွင် Alpine ရေသန့်ဘူး အလုံး ရေနှစ်သိန်းကျော်လှူဒါန်းခဲ့ပြီး
စစ်တွေမြို့သို့ လှူဒါန်းမည့် ရေသန့်ဘူး အလုံးရေ ၂၄ဝဝဝ ကို ရွှေပြည်သာမြို့နယ်ရှိ
AMC ဆိပ်ကမ်းမှ ပို့ဆောင်ပေးခဲ့သည်။
ဖိုးသော်ဇင်

No comments:
Post a Comment