နေပြည်တော်
ဇွန် ၂၈
၅၂
ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ
ပဉ္စမမြောက်နေ့အဖြစ် ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ
ပြည်တွင်းပြည်ပရတနာ ကုန်သည်များက အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းတွဲများကို
ကြည့်ရှုပြီး တင်ဒါတင်သွင်း ကြသည်။
မွန်းလွဲပိုင်းတွင်
မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သတ္ထုတွင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီး
ဦးသန်းထွန်းအောင်နှင့် ကော်မတီဝင်များက ပြပွဲအတွင်း ကျောက်စိမ်းအတွဲများကို တင်ဒါစနစ်ဖြင့်
ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့အထိ
မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့
ပြည်တွင်းပြည်ပရတနာကုန်သည် ၄၄၉၅ ဦး တက်ရောက်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း
၁၂၆ တွဲနှင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်
ကျောက်စိမ်းအတွဲပေါင်း (၁၁၆၄) တွဲ
ရောင်းချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ (၂၉)ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်း
အတွဲပေါင်း (၁၄၅၀) တွဲကို ဆက်လက် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment