နေပြည်တော် ဇွန် ၂၆
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားတပ်မတော် ဒုတိယ စစ်ဦးစီးချုပ်နှင့်
ကြည်းတပ်ဦးစီးချုပ် General Meas Sophea ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့
ချစ်ကြည်ရေး ခရီးသွားရောက်ရန်အတွက် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် လေဆိပ်မှ လေကြောင်းခရီးဖြင့်
ထွက်ခွာကြသည်။
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး
ကိုယ်စားလှယ် အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး
ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့်
မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ စစ်သံမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်
လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမင်းထွန်းနှင့် တပ်မတော်အရာရှိ ကြီးများ အဖွဲ့ဝင်များအဖြစ်
လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment