Friday, June 26, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တက်ရောက်





နေပြည်တော် -ဇွန် ၂၆

''မူးယစ်ကင်းစင် ဒို့ဘ၀အသွင် အစဉ်ဖွံ့ဖြိုး ကြိုးပမ်းစို့'' ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ()နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန()၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကား ပြောကြားသည်။


အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံသည် မူးယစ် ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကမ္ဘာ့မူးယစ်ဆေးဝါး ထိန်းချုပ် ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ()ခုဖြစ်သည့် ၁၉၆၁ ခုနှစ်  မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်း ရှင်း၊ ၁၉၇၁ ခုနှစ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ တရားမ၀င်သယ်ဆောင် ရောင်းဝယ်မှု ကွန်ဗင်းရှင်တို့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေများ ရေးဆွဲပြဋ္ဌာန်းခဲ့ရာ၌ ၁၉၇၄ ခုနှစ်တွင် မူးယစ် ထုံထိုင်းဘေးဖြစ်စေသော ဆေးဝါးများဥပဒေ၊ ၁၉၉၃ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသာ ဆေးဝါးများဆိုင်ရာဥပဒေ၊ ၁၉၉၅ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ နည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။

မူးယစ်ဗဟိုအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မဟာဗျူဟာ()ရပ်ဖြစ် သည့် မူးယစ်ဆေးဝါး ပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဘ၀တိုးတက်ရေးနှင့် ဘိန်း စိုက်ပျိုးမှု လုံးဝချုပ်ငြိမ်း ပပျောက်ရေးနှင့် နည်းဗျူဟာ()ရပ်ဖြစ်သည့် ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီး နှိမ်နင်းရေး တို့ကို ချမှတ်ပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်ငန်း များ ပိုမိုထိရောက် အောင်မြင်စေရန် မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ - ၂၀၀၀ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ် အထိ မြို့နယ်ပေါင်း (၅၁)မြို့နယ် တွင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ၁၉၉၉ - ၂၀၀၀ ခုနှစ်များတွင် ဘိန်းစိုက်ဧရိယာ ဟက်တာ()သိန်းကျော် ရှိခဲ့ရာမှ ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁၆၀၀ အထိ ၈၀ ရာခိုင်နှုန်း ကျော်ကို လျှော့ချနိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း ဘိန်းစိုက်ဒေသများ၏ ပထ၀ီမြေအနေအထား အရ ဝေးလံခေါင်းပါးမှု ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းခြင်း အားနည်းမှု များ ရှိသည့်အတွက် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာမှုကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါးကင်းစင် ရေးရည်မှန်းချက်နှင့် ၂၀၁၅ ခုနှစ်အလွန် မူးယစ်ဆေးဝါး လျှော့ချရေး လုပ်ငန်းစဉ်များနှင့် အညီ စတုတ္ထ မူးယစ်ဆေးဝါးပပျောက်ရေး ()နှစ်စီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ခုနှစ်မှ ၂၀၁၈ - ၂၀၁၉ ခုနှစ်အထိ တိုးမြှင့်ပြီး ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင် ရွက်ခဲ့ပါကြောင်း။

ဘိန်းစိုက်ပျိုးမှုလျှော့ချရေးကို အလေးထားဆောင်ရွက်ခဲ့သည့်အတွက် ၂၀၀၇ ခုနှစ်မှ နှစ် ဆက်တိုက် မြှင့်တက်လာခဲ့သော ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခြင်းဘက်သို့ ဦးတည်လာခဲ့မှုကို UNODC ၂၀၁၄ ခုနှစ် ဘိန်း စိုက်ပျိုးမှု အစီရင်ခံစာအရ တွေ့ရှိရပါကြောင်း။

မူးယစ်ဆေးဝါး အမျိုးအစားအသစ်များ ပေါ်ထွက်လာမှုအပါအ၀င် ပြည်သူ့ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းလုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင်လည်း သက်ရောက်မှုများစွာနှင့် အခြေအနေကို ပိုမိုပါဝင်ပတ်သက်မှု ဖြစ်စေပါကြောင်း၊ ကမ္ဘာ့မူးယစ်ဆေးဝါးကော်မရှင် အစည်းအဝေးတွင် UNDP အဖွဲ့မှ တင်သွင်းခဲ့သည့် အစီရင်ခံစာအရ အမေရိကန်ဒေါ်လာ (၃၃၂)ဘီလီယံရှိကြောင်း တွေ့ရှိ ရပြီး မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ် များမှာလည်း ငွေကြေးခ၀ါချမှုများ၊ အဂတိလိုက်စားမှု များနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများ၏ ဈေးကွက်များကို သက်ရောက်မှုများစွာ ရှိနေ ပါကြောင်း။ ကမ္ဘာ့မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း အသက်(၁၅)နှစ်မှ (၆၄)နှစ်အကြား မူးယစ်ဆေးဝါးစွဲလန်းနေသူဦးရေ (၁၆)သန်းမှ (၃၅)သန်း အကြား ရှိနေမှုကို ၂၀၁၄ ခုနှစ် ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာတွေ့ရှိပါကြောင်း

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ထုတ်လုပ်မှုပပျောက် ရေးနှင့် သုံးစွဲမှု ပပျောက်ရေးလုပ်ငန်းစဉ် နှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲမှုအပိုင်းတွင် မူးယစ်ဆေးဝါးဆိုင်ရာ မှုခင်းများအား ထိရောက်စွာ ဖော်ထုတ်နိုင်ရန်အတွက် မူးယစ်ဆေးဝါး ပပျောက်ရေး ဌာနကို ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းတာဝန် ပေးခဲ့ပါကြောင်း။

မူးယစ်ဆေးဝါးသုံးစွဲမှုကို စနစ်တကျကုသနိုင်ရေးအတွက် ဆေးကုသရေးလုပ်ငန်းများ အနေဖြင့် ကျန်းမာရေး ၀န်ကြီးဌာနက မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခု တို့ကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မက်သာဒုန်း အစားထိုးတိုက်ကျွေးမှု အစီအစဉ်အရ မက်သာဒုန်းတိုက်ကျွေးသည့်ဌာန ၄၁ ခုကို မူးယစ်ဆေးဝါး သုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ စခန်းအခြေပြု ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြန်လည် ထူထောင်ရေးစခန်း(၁၂)ခုကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း။

မူးယစ်ဆေးဝါးမှုခင်းများသည် နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ကျူးလွန်မှုခင်းများ၏ သဘော သဘာဝဖြစ်သည့် အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ရုရှား၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အမေရိကန်တို့နှင့် နှစ်နိုင်ငံ သဘောတူညီချက် MoU များ လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဗဟိုအဖွဲ့အနေဖြင့် အစိုးရသစ် လက်ထက်တွင် တစ်ဖက်မှ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးများ ဆောင်ရွက်နေသကဲ့သို့ မူးယစ်ဆေးဝါးအန္တရာယ်လျော့နည်းပပျောက်ရေးလုပ်ငန်း များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်တွင်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း အထူးစီမံချက်ကို ဇုန်()ဇုန်သတ်မှတ်ပြီး ၂၀၁၅ ခုနှစ် မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်ထိ ဆောင်ရွက်လျက်ရှိပါကြောင်း

မူးယစ်ဗဟိုအဖွဲ့အနေဖြင့် အဆိုပါစီမံချက်ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသည့် လူမှုရေးကွန်ရက်များကို အပြည့် အ၀ ပူးပေါင်းပါဝင်လာရေးကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သ၀ဏ်လွှာ ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းများဆိုင်ရာရုံးမှ Country Manager Mr. Jochen Wiese က ဖတ်ကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၈)ကြိမ်မြောက် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ နှင့်ကွန်ပျူတာပိုစတာပြိုင်ပွဲများတွင် ပထမဆုရရှိသူ ၆ ဦးအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဆုများချီးမြှင့်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး (၁၈)ကြိမ်မြောက် ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံနှင့်  ကွန်ပျူတာပိုစတာပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကွန်ဗင်းရှင်းဗဟိုဌာန အ၀င် မုဦး၌ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု အားပေးသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ရက်မှ ဒီဇင်ဘာလ ၃၁ရက်ထိ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ငွေကြေး/ ပစ္စည်းများ၏ အရေအတွက်မှာ မြန်မာ ငွေကျပ် ၅၀၈၇၀၇၅၈၁၊ မော်တော်ယာဉ် (၆၇)စီး၊ မော်တော်ဆိုင်ကယ် (၆၁၂)စီးနှင့် အခြား ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၃၁၃၂၆၈၀၁ ဖြစ်ပြီး ၂၀၁၃-၂၀၁၄ခုနှစ် ဘိန်းစိုက်ရာသီ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဘိန်းခင်းဖျက်ဆီးမှု စုစုပေါင်းမှာ ၃၇၅၃၀ ဒသမ ၇၅ ဧက(၁၅၁၈၈ ဒသမ ၄၉ ဟက်တာ) ဖြစ်သည်။


၂၀၁၄ ခုနှစ်အတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်အထူးအဖွဲ့တို့မှ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးစာရင်းမှ ကောက်နုတ်၍ ဇယားဖြင့် သီးခြားဖော်ပြထားပါသည်။ 

No comments:

Post a Comment