Sunday, May 31, 2015

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာမည်

နေပြည်တော်  မေ   ၃၁
 ၂၀၁၅ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေး ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန်(၆)ရက် စနေနေ့ နံနက် (၆) နာရီအချိန်တွင် ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်သည်။ အဆိုပါအောင်စာရင်း များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ တွင် တစ်ချိန်တည်း ကပ်ထားကြေညာပေး မည်ဖြစ်ပြီး မြို့နယ်အလိုက် အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ကပ် ထားကြေညာ ပေး မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာခရိုင် အလိုက် အောင်စာရင်းများကို ခရိုင် ပညာရေးမှူးရုံးများတွင်
လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းနှင့် သင်္ဃန်း ကျွန်းမြို့နယ် အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းတို့ တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် များ၏ အောင်စာရင်း များကို ကပ်ထားပေးမည် ဖြစ်သည်။
၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်(၆)ရက်တွင်  On Line မှ တစ်ပြိုင် တည်းကြေညာ ပေးသွားမည်ဖြစ်ပြီး www. moemyanmar.net တွင် ကြည့်ရှုနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သတင်း ရရှိသည်။



No comments:

Post a Comment