Thursday, April 2, 2015

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ဦးမှ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပထမ အတွင်းဝန် Mr. Andreas Magnusson အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂
ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဦးသည် ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ (I-8)၌ မြန်မာနိုင်ငံဆိုင်ရာ
ဥရောပ သမဂ္ဂသံရုံး နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန် Mr. Andreas  Magnusson အား လက်ခံ တွေ့ဆုံ သည်။
တွေ့ဆုံရာတွင် ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဦးနှင့်အတူ တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ရွှေ နှင့် ရင်းနှီးမြှုပ်နှံမှု စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းတို့ တက်ရောက်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ EU မှ ၂၀၂၀ ခုနှစ်တွင် Euro သန်းပေါင်း ၆၈၈ သန်း ကူညီထောက်ပံ့ ပေးသွား မည့်ကိစ္စရပ်များနှင့် SME, SMI ချေးငွေကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment