ပဲခူး
မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် Heineken Co.Ltd တို့ ပူးပေါင်း၍
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကာတွန်းပြိုင်ပွဲအား မတ်လ (၃၁) ရက်နေ့ မွန်းလွဲ
(၀၁း၃၀) နာရီ အချိန်က ပဲခူးမြို့၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ K.M Mark
ဆိုင်ရှေ့တွင် ကျင်းပခဲ့သည်။
ထိုပြိုင်ပွဲ အား
ပြည်သူများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ပြောကြားသည် များအား
ကာတွန်းဆရာများမှ သရုပ်ဖော်ကာတွန်းပုံများဆွဲပေးပြီး ပြိုင်ပွဲဝင်ခဲ့သည်။
ယင်းကာတွန်းပြိုင်ပွဲအား
မတ်လ (၁) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့ထိ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊
နေပြည်တော်၊ မိတ္ထီလာနှင့် မန္တလေး မြို့များမှ ပြည်သူများ၏ ကာတွန်းများ
ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး ပထမဆုအား (၁၀)သိန်းကျပ်၊ ဒုတိယဆုအား (၅)သိန်းကျပ်၊
တတိယဆုအား (၃)သိန်းကျပ် အသီးသီး ဆုချီးမြှင့် သွားမည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment