Saturday, April 4, 2015

ငါ့သရောက်တွင် တစ်ရက်တည်းနှင့် လူ(၇)ဦး ခွေးရူးများကိုက်ခံရ

ငါ့သရောက် ၊ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့နယ် ဆည်ကျေးရွာတွင် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက တစ်ရက်တည်းနှင့် လူ(၇)ဦး ခွေးရူးများ ကိုက်ခံရ ၍ ခွေးရူး ကိုက်ခံရသည့်လူနာများမှာ ပခုက္ကူဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ခွေးရူးကိုက်ခံရသည့် လူနာ(၇)ဦးမှာ ဆည်ကျေးရွာနေ ဒေါ်သန်းလွင်၊ ဒေါ်နှင်းဌေး၊ ဒေါ်ခင်းထူး၊ ဒေါ်အေးမြင့်၊ ဦးသံချောင်း၊ ဦးဆန်းလွင်၊ ဦးခိုင်မင်း စုစုပေါင်းကျား(၃)ဦး၊ မ (၄)ဦးတို့ ဖြစ်ပြီး၊ ယင်းခွေးရူး ကိုက်ခံရသည့် သူများမှာ ခွေးရူးတစ်ကောင်တည်းက ကိုက်ခြင်းဖြစ်ကြောင်း သိရပြီး၊ အဆိုပါခွေးရူးအား ကျေးရွာ မှ ဒေသခံပြည်သူ များက မိမိတို့ ကျေးရွာရှိလူများ ထပ်မံ အကိုက်မခံရအောင် လိုက်လံ ရှာဖွေသော်လည်း ခွေးရူးအား မတွေ့ရှိသေး၍ စိုးရိမ်နေကြကြောင်း၊ ယခုလို ရာသီချိန်သည် များသောအားဖြင့် ခွေးများရူးသည့် အချိန်ဖြစ်၍ မည်သူမဆို လမ်းသွားလမ်းလာခြင်းများ ပြုရာတွင် သတိဝီရိယဖြင့် သွားလာသင့်ကြောင်း အဆိုပါကျေးရွာ မှ ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment