Thursday, April 2, 2015

အမျိုးပညာရေး ဥပဒေကြမ်းကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျောင်းသားလူငယ်များတောင်းဆိုသည့် အချက် (၁၁)ချက်ပါဝင်


နေပြည်တော် ဧပြီ ၂
ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက် မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင်  မင်းကင်းမဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်၏ ညောင်ဦး မြို့နယ်အတွင်း သမ၀ါယမအသင်းစုမှ ပိုင်ဆိုင်ခဲ့သောပုဂံ ဟိုတယ်အား ပုဂ္ဂလိကပိုင်အဖြစ် သို့ပြောင်းလဲပါက မည့်သည့်ဘောင်နှင့် ပွင့်လင်းမြင်သာ စွာပြောင်းလဲရောင်းချခဲ့ပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ သမ၀ါယမ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းက ညောင်ဦးမြို့နယ်  သမ၀ါယမအသင်းစု အနေဖြင့် ပုဂံသမ၀ါယမဟိုတယ်ကို ထက်အာကာကျော် သမ၀ါယမ အသင်းစုသို့  လွဲပြောင်းပေးရန်အထူးအရပ်ရပ်ဆိုင်ရာအစည်း အဝေးတွင် အသင်းဝင် ကိုယ်စားလှယ်များ အား လုံးဖြင့် အတည်ပြုဆုံးဖြတ်ခဲ့ ပါကြောင်း၊ သမ၀ါယမအသင်းများသည်နိုင်ငံတော်မှ အတည်ပြုပြ ဌာန်း ထား သည့် သမ၀ါယမအသင်း ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင် ထားသောအစိုးရ မဟုတ်သည့် အဖွဲ့အစည်းဖြစ် သည့် အတွက် အသင်း၏ကိစ္စအရပ်ရပ်ကို အသင်းသားများမှစီမံခန့်ခွဲပိုင်ခွင့်ရှိပါကြောင်း၊ ညောင်းဦးမြို့နယ် သမ၀ါယမ အသင်းစုသည်  ပုဂံသမ၀ါယမဟိုတယ်ကို အသင်းသား အချင်းချင်းရောင်းချ ရန်အတွက် ဥပဒေ၊ နည်းဥပဒေ များနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါဟိုတယ်ကို ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲ ထားခြင်း မဟုတ်ပါ ကြောင်းဖြင့်ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း က ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။
“အမျိုးသားပညာရေးဥပဒေကြမ်းကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျောင်းသားလူငယ်များတောင်းဆိုသည့် အချက်(၁၁)ချက်မှာ အကျုံးဝင် နေကြောင်း“ဦးစောလှထွန်းက ယနေ့အစည်းအဝေးအပြီးတွင်ပြောသည်။
“အမျိုးသားလွှတ်တော်ကအတည်ပြုချက်နဲ့ ပေးပို့တဲ့ဥပဒေကြမ်းမှာ အပုဒ်ပေါင်း(၅၈)ပုဒ်ပါတယ်၊ ပြင်ဆင်ချက် (၁၀၅)ချက်ပါ ပါတယ်။ ကျွန်တော် တို့ကော်မတီက အမျိုးသားလွှတ်တော်ရဲ့ပြင်ဆင်ချက်(၁၀၅) အနက်(၅၇) ချက်ကို သဘောတူပါတယ်။(၄၈)ချက်ကိုတော့ အကျိုးအကြောင်းများနဲ့ ပြင်ဆင်ခဲ့ပါတယ်။ ဒီဥပဒေကို (၆)ရက်နေ့မှာ ဆွေးနွေးပြီးတော့ (၇)ရက်နေ့၊ (၈)ရက်နေ့လောက်မှာအတည်ပြုပါမယ်၊ အတည်ပြုပြီးရင်တော့ အမျိုးသား လွှတ်တော်ကို ပြန်လည်ပေးပို့မှာဖြစ်ပါတယ်”ဟု၎င်းကဆက်လက်ပြောကြား ခဲ့သည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ National Network For Education Reform(NNER)  မှကိုယ်စားလှယ် များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ  ကျောင်းသား ကိုယ်စားလှယ်များပါဝင်သော လေးပွင့် ဆိုင် အဖွဲ့သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်ပေါ် မူတည်ပြီး ယင်းဥပဒေကိုပြင်ဆင်နိုင်ရန်ဆွေးနွေခဲ့ရာ ကျောင်းသားများနှင့် NNER တို့၏ ပြင်ဆင်ရေး ဆွဲတင်ပြသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းအား ၄င်းတို့၏ တောင်းဆို ချက်အရ လွှတ်တော်သို့ တင်ပြ ရန်လေးပွင့်ဆိုင်အဖွဲ့ကမူအားဖြင့် သဘောတူညီခဲ့ပါ ကြောင်းဖြင့် ယနေ့ ဖတ်ကြားသည့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီအရင်ခံစာ တွင်ပါရှိသည်။

ယခုပြင်ဆင်သည့် ဥပဒေကြမ်းကိုပညာရေးဝန်ကြီးဌာနမှ အမျိုးသား လွှတ်တော်သို့တင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ကြားနာဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ပေးပို့လာခြင်းဖြစ် သည်။ 

No comments:

Post a Comment