နေပြည်တော် ဧပြီ ၂
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ဆက်လက်ကျင်းပရာ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ
လွှတ်တော်
ကိုယ်စားလှယ် ဦးလှဆွေ၏ "တရားမမှုများ လျင်မြန်စွာ စီရင်ဆုံးဖြတ်နိုင်ရန် တရားမမှုသီးသန့်
စစ်ဆေး စီရင်သော တရားရုံးများ ဖွင့်လှစ်ရန် စီမံဆောင်ရွက်သွားရန် အစီအစဉ် ရှိ/ မရှိ " မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က
ရှင်းလင်း ဖြေကြားရာတွင် တရားရုံး အဆင့် ဆင့်သည် တရားစွဲဆိုလာသည့် ပြစ်မှုဆိုင်ရာ အမှုများ
နှင့် တရားမ မှုခင်းများကို ဥပဒေနှင့်အညီ စစ်ဆေး စီရင်ကြရပါကြောင်း၊ ပြစ်မှုဆိုင်ရာ အမှုများမှာ
အချုပ်တရားခံ အမှုများ ပါဝင်သဖြင့် ကြန့်ကြာမှု မရှိစေရန် ၊ မြန်ဆန်စွာ ပြီးပြတ်စေရန်
ဦးစားပေး စစ်ဆေးစီရင်ကြရပါကြောင်း၊ အလားတူ တရားမမှုခင်းများကို လည်း မှန်ကန်မြန်ဆန်စွာ
ပြီးပြတ်စေရေးအတွက် စစ်ဆေးစီရင်ကြရပါကြောင်း၊ သို့သော် တရားမမှုခင်းများမှာ ပုဂ္ဂလိက
အချင်းချင်း ၊ ပုဂ္ဂိုလ်ရေးအရ ပစ္စည်းခန်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ ဖြစ်ပွားကြသည့် အမှုများဖြစ်သဖြင့်
နှစ်ဖက် အပြိုင်အဆိုင် အငြင်းပွား ကြခြင်း၊ ရှေ့နေများ ငှားရမ်း၍ အမှုပြိုင်ဆိုင်ကြခြင်း၊
ကြားဖြတ်အမိန့်များ မကြာ ခဏ ချမှတ်ရခြင်း၊ ထိုကြားဖြတ်အမိန့်အတိုင်း ရှေ့နေများက အထက်တရားရုံးအဆင့်ဆင့်
သို့ အယူခံမှု ၊ပြင်ဆင် မှုများ တက်ရောက်ခြင်းကြောင့် တရားမ မှုခင်းများမှာ မလိုလား အပ်ဘဲ
အချိန်ကြန့်ကြာနေရသည်ကို တွေ့ရှိ ရပါကြောင်း။
သို့ဖြစ်၍ တရားရုံးချုပ်က တရားမမှုများကို
မြန်မြန်ဆန်ဆန် စစ်ဆေးပြီးပြတ်ရန် အတွက် တရားမမှု များပြား သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင်
တရားမမှုခင်းများကို သီးခြားစစ်ဆေးစီရင်ရန်အတွက် ရန်ကုန် တိုင်း အတွင်းရှိ မြို့နယ်(၂၀)နှင့်
မန္တလေးတိုင်း အတွင်းရှိ (၄) မြို့နယ်တို့၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်သည့် တရားမ
မူလမှုများကို တရားမတရားသူကြီးများဖြင့် သီးခြားစစ်ဆေးစီရင်ရန် တရားရုံးချုပ်က အမိန့်အမှတ် ၁/၉၂ ဖြင့် စမ်းသပ်
တာဝန်ပေး ဆောင်ရွက်စေခဲ့ပါကြောင်း သို့သော်လည်း တရားမ မှုခင်းများကို သိသိသာသာ မြန်
ဆန်ပြီးပြတ်စေရန် စစ်ဆေးစီရင် နိုင်ခြင်းမရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ တရားမမှုများကို
သီးခြား တရားရုံး များဖြင့် စစ်ဆေးစီရင်ခြင်း အားဖြင့် ပိုမိုထူးခြားလာမှုမရှိသဖြင့်
တရားမမှုများကို သီးခြား တရားရုံးများဖြင့် စစ်ဆေး စီရင်သည့်စနစ်ကို ၁၉၉၈ ခုနှစ်တွင်
ပြန်လည်ရုပ်သိမ်းခဲ့ရပါကြောင်း။
ထို့ကြောင့် ယခင်တရားရုံးချုပ်က တရားမတရားရုံးများ
ဖွဲ့စည်း၍ တရားမမှုများ ကို သီးခြားစစ်ဆေးစီရင် စမ်းသပ်ခဲ့သည့် အတွေ့အကြုံအရ ပိုမိုထူးကဲ၍
တရားမမှုများ မြန်ဆန်ပြီးပြတ်သွားမှု မရှိသကဲ့သို့ တရား သူကြီးများ၏ တရားမမှုနှင့် ပြစ်မှု
နှစ်မျိုးစလုံး ကို ကျွမ်းကျင်စွာ စစ်ဆေးစီရင်နိုင်ရမည့် အရည် အချင်းကိုလည်း ထိခိုက်လာစေနိုင်
သောကြောင့် တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသော
တရားရုံးများ ဖွဲ့စည်း ဆောင်ရွက် သွားရန် အစီအစဉ် မရှိပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က
တရားစီရင်ရေးဆိုင်ရာ သုံးနှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇) ကို ရေးဆွဲ အကောင်အထည်ဖော်လျက်
ရှိပါကြောင်း၊ မဟာဗျူဟာ လုပ်ငန်း အစီအစဉ်ထဲတွင် နှစ်ချီကြာနေသည့် တရားမမှု အမြန်ပြီးပြတ်ရေး ၊ အမှုများ ကြန့်ကြာ မှုမရှိဘဲ ပြီးပြတ်သင့်သည့်အချိန်တွင် ပြီးပြတ်စေရေး စီမံချက်များ ပါရှိပါကြောင်း၊ စီမံချက်
အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားခဲ့ သည်။
ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်း၏ " လားရှိုးမြို့တွင် အချက်ပြ
သတိပေးမီးနှင့် မီးပွိုင့်များ တိုးချဲ့ တပ်ဆင်ရန် အစီအစဉ် ရှိ/မရှိနှင့် လက်ရှိ အသုံးပြု
တပ်ဆင် ထားသည့် မီးပွိုင့်(၄) ခုအနက် ပျက်စီးနေသော မီးပွိုင့် (၃) ခုအား အမြန်ဆုံး
ပြန်လည်ပြုပြင် ထိန်းသိမ်း သွားရန် အစီအစဉ် ရှိ/မရှိ " မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးအောင်သိမ်း
က ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် လားရှိုးမြို့တွင်ရှိသော အမှတ် (၆၅) ယာဉ်ထိန်း တပ်ဖွဲ့စု
အနေဖြင့် လားရှိုးမြို့ပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ရှိစေရေးအတွက် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်မှ စတင်ကာ လားရှိုးကြီး
လမ်းဆုံမီးပွိုင့် ၊ နမ္မတူ လမ်းဆုံမီးပွိုင့်၊ ခိုလောင်း လမ်းဆုံမီးပွိုင့် ၊ မန္တလေး
လမ်းဆုံမီးပွိုင့်တို့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ၏ လမ်းညွှန်မှုဖြင့် ယာဉ်စည်းကမ်းရန်ပုံငွေမှ ထုတ်နုတ်သုံးစွဲကာ အသုံးပြု ခဲ့ပါကြောင်း။
အဆိုပါမီးပွိုင့်များမှာ ၂၀၁၄ ခုနှစ်
၊ စက်တင်ဘာလမှ စတင်ကာ ရာသီဥတုဒဏ် ကြောင့် လည်းကောင်း၊ သုံးစွဲသည့်ကာလ ကြာမြင့်လာသောကြောင့်
လည်းကောင်း မီးပွိုင့်အား ထိန်းသိမ်းထားရှိသော Control ပိုင်းများနှင့် Service ကြိုးပိုင်းများ
မှာ ပျက်စီးခဲ့ပါကြောင်း၊ ပျက်စီးယိုယွင်းနေသောမီးပွိုင့်အစိတ်အပိုင်းများကို ပြန်လည် ပြင်ဆင်၍ သုံးစွဲဆောင်ရွက်လျက်ရှိရာ ခိုလောင်းလမ်းဆုံမီးပွိုင့်နှင့် နမ္မတူ လမ်းဆုံ
မီးပွိုင့်တို့မှာ လက်ရှိအသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ် (၆၅) ယာဉ်ထိန်း
တပ်ဖွဲ့အနေဖြင့် လားရှိုးမြို့ပေါ်တွင် လူနေမှု ထူထပ်သိပ်သည်းလာ၍ မော်တော် ယာဉ်နှင့် ဆိုင်ကယ်များ
များပြားလာသည့်အတွက်ကြောင့် ယာဉ်အန္တရာယ် ကင်းရှင်း စေရေးအတွက် မီးပွိုင့်များ မတိုးချဲ့မီ
အချက်ပြသတိပေး (မှိတ်တုတ်မီးဝါ) များအား မယ်တန်လမ်းဆုံတွင်(၃)ခု၊ ရေပန်းလမ်းဆုံတွင်(၃)ခု
တပ်ဆင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
သို့ဖြစ်၍ လားရှိုးမြို့ပေါ်တွင် ယာဉ်အန္တရာယ်
ကင်းရှင်းစေရေးအတွက် ယာဉ်ကြောရှုပ်ထွေးသည့် နေရာများအား ကွင်းဆင်း၍ မီးပွိုင့်များ၊
Slow Down များအား ထပ်မံတပ်ဆင် အသုံးပြုသွားရန် စီစဉ်ဆောင် ရွက်လျက် ရှိပါကြောင်းနှင့်
လက်ရှိအသုံးပြုနေသော မီးပွိုင့်များအား လက်ရှိအနေအထားထက် ကောင်းမွန် စေရန် ထိန်းသိမ်း
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပျက်စီးနေသော မီးပွိုင့်များအား ပြုပြင်၍ မရပါက အသစ်
ထပ်မံ တပ်ဆင်နိုင်ရေးကို ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် ညှိနှိုင်းဆောင
်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က
အတည်ပြု ပြီး ပေးပို့ထားသော လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး
စောင့်ရှောက် မှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်
စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို
အတည်ပြုရန်အတွက် တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ၊
ပဋိပက္ခဖြေလျော့ ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကော်မတီ၏ အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့
ဖတ်ကြားတင်သွင်းပြီး သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ကို
ရယူသည်။

No comments:
Post a Comment