Tuesday, March 31, 2015

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director ဖြစ်သူ Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော် မတ်လ ၃၀ ရက်
 
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Director ဖြစ်သူ Mr. Mamoru Yamamoto ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၄ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်အခွင့် အရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြညိမ်း၊ သတ္တုသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည် ရင်းနှီးရေးအသင်း အဖွဲ့ဝင် ဦးနေ၀င်းထွန်း၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်၊ ဂျပန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင် ဦးဝင်းမောင်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment