နေပြည်တော် မတ် ၆
လောက်ကိုင်
နယ်မြေအတွင်း ကိုးကန့်သောင်းကျန်းသူ အင်အားစုများသည် ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ ဝင်ရောက်
တိုက်ခိုက်ခဲ့ရာ နယ်မြေတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေပြီး ပါတီစုံဒီမိုကရေစီနှင့်
ဈေးကွက် စီးပွားရေး စနစ်ဖြင့် ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးကို
နှောင့်ယှက် ဖျက်ဆီးရန် လုပ်ဆောင် လာခြင်းဖြစ်သည်။
ပြည်သူလူထု
အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်၏ အကျိုး စီးပွားများကို ကာကွယ်စောင့်ရှောက်
နေသည့် တပ်မတော်က ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်ရာမှ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး
တပ်မတော် သားများကျဆုံးခြင်း၊ ဒဏ်ရာ ရရှိခြင်း နှင့် လောက်ကိုင်ဒေသတွင် တည်ငြိမ် အေးချမ်းမှု
ပျက်ပြားသွားကြောင်း သိရသည့်အပြင် တိုက်ပွဲရှောင်ပြည်သူ များအား ကူညီရင်းထိခိုက်ဒဏ်ရာရရှိ
သည့် ကြက်ခြေနီ တပ်ဖွဲ့ ဝင်များအတွက် များစွာစိတ်မကောင်းဖြစ်ရသည်။
လောက်ကိုင်ဒေသ
တည်ငြိမ်အေးချမ်းရေးအတွက် အသက်ခန္ဓာ ပေးလှူပြီး စွန့်လွှတ်စွန့်စား ရဲဝံ့စွာ ဆောင်ရွက်
ခဲ့ကြသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေးတာဝန် ထမ်းဆောင်လျက်
ရှိသည့် တပ်မတော်သားများအတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ငွေကျပ်
၂၅ဝဝဝဝဝ ကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန် တိုင်းစစ်ဌာနချုပ်(ကုန်းမြင့်သာ)တွင်လည်းကောင်း၊
လောက်ကိုင်တိုက်ပွဲ တွင် တိုက်ပွဲရှောင် ပြည်သူများအား ကူညီရင်း ထိခိုက်ဒဏ်ရာရရှိသည့်
ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လောက်ကိုင်တိုက်ပွဲရှောင် ပြည်သူ များအတွက် အဖွဲ့ချုပ်မှ
ငွေကျပ် ၁ဝဝဝဝဝဝ ကို မတ် ၅ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွင် လည်းကောင်း လှူဒါန်းခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment