နေပြည်တော် မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး
မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု တပွတ္တနောင်ကြီးကျေးရွာ၊ မလက်တို
ကျေးရွာနှင့် သရက်ငူကျေးရွာများ၌ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီး လင်းရေးဖွင့်ပွဲအခမ်းအနားများကို
မတ်(၂၈)ရက် နံနက် ပိုင်းတွင်
ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊
ရပ်မိရပ်ဖများ၊ကျေးလက်နေပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည်
တပွတ္တနောင်ကြီးကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ် မီးလင်းရေးဖွင့်ပွဲတွင် ၁၆၀ ကေဗွီအေ
ထရန်ဖော်မာမှ ကျေးရွာတွင်းနေအိမ်များသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှ
လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ပေးခြင်း၊ မလက်တိုကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲတွင်
၂၀၀ ကေဗွီအေ ထရန်စဖော် မာမှ ကျေးရွာတွင်းနေအိမ်များသို့ သွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှ
လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ် ပေးခြင်း၊ သရက်ငူကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးဖွင့်ပွဲတွင်
၂၀၀ ကေဗွီအေ ထရန်စဖော်မာမှ ကျေးရွာ တွင်း နေအိမ်များသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းအား
စက်ခလုတ်နှိပ်၍ လျှပ်စစ်ဓာတ်အား စတင်လွှတ် ပေးခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်
ဧည့်သည်တော်များက လျှပ်စစ်မီးလင်းရေး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကြေးပြားအား အမွှေးနံ့သာရည်များ
ပက်ဖျန်းပေးကြသည်။
ထို့နောက် မလက်တိုကျေးရွာ
ရန်ကြီးအောင်လမ်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသော မလက်တိုကျေးရွာ အုပ်စုရှိ တပွတ္တ နောင်ကြီး၊
မလက်တို၊ သရက်ငူကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့သည့်
လျှပ်စစ်မီးလင်းရေး ဆိုင်ရာ စာရွက်စာတမ်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက် ရောက်အမှာစကား
ပြောကြား ရာတွင် ယခုရရှိသည့် လျှပ်စစ်မီးကိုအသုံးပြု၍ လူနေမှုဘ၀မြင့်မားတိုးတက် လာစေရန်အတွက်
မိသားစုတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ လျှပ်စစ်မီး
သုံးစွဲခွင့်မရရှိသေးသည့် ကျေးရွာအုပ်စုများမှ ပြည်သူများ အနေဖြင့်လည်း တလုပ်လပ်အရှေ့ကျေးရွာ၊
မအူပင်တံတားအနီးရှိ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေဓာတ်အားခွဲရုံမှ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ပြီဖြစ်၍
မိမိတို့ ကျေးရွာများ လျှပ်စစ်မီးရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ဒေသနေပြည်သူများ၏
လူနေမှုဘ၀ မြင့်မားရေးအတွက် ဆောင်ရွက်ပေးထားသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သားစဉ်မြေးဆက်
ထိန်းသိမ်း စောင့်ရှောက်သွားကြရန် ရှင်းလင်းမှာကြားသည်။
ယင်းနောက် တပွတ္တနောင်ကြီးကျေးရွာ၊
မလက်တိုကျေးရွာ၊ သရက်ငူကျေးရွာများအတွက် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး လင်းရေးနှင့်
သက်ဆိုင်သော စာရွက်စာတမ်းများကို မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက မြို့နယ်လျှပ်စစ်
အင်ဂျင်နီယာ ဦးအောင်ဇော်ဝင်းထံ လွှဲပြောင်းပေးအပ်သည်။
ယနေ့ဖွင့်လှစ်သည့်
တပွတ္တနောင်ကြီးကျေးရွာ၊ မလက်တိုကျေးရွာနှင့် သရက်ငူကျေးရွာများ ကိုယ့်အား ကိုယ်ကိုး
လျှပ်စစ်မီးလင်းရေးအတွက် တလုပ်လပ်အရှေ့ကျေးရွာ မအူပင်တံတားအနီးရှိ ၃၃/၁၁ ကေဗွီ ၂ အမ်ဗွီအေဓာတ်အားခွဲရုံမှ
(၁၁) ကေဗွီအေလိုင်း (၆ ဒသမ ၉)မိုင်၊ (၀ ဒသမ ၄)ကေဗွီလိုင်း(၃ ဒသမ ၃၈) မိုင်၊ ၂၀၀ ကေဗွီအေ ၂ လုံးနှင့် ၁၆၀ ကေဗွီအေ ထရန်ဖော်မာ
၁ လုံးတို့ တည်ဆောက်ခဲ့ပြီး စုစုပေါင်း အိမ်ခြေ(၄၀၀)ကျော်အား လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေး
နိုင်ခဲ့ကြောင်း၊ မအူပင်မြို့နယ်အတွင်း ကျေးရွာ အုပ်စုပေါင်း ၇၆ အုပ်စုတွင် ကျေးရွာပေါင်း
၄၃၀ ရှိသည့် အနက် ကျေးရွာပေါင်း ၂၆ ရွာတွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment