Wednesday, February 4, 2015

ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် စစ်ကြောင်း များနှင့် KIA(ကချင်) အဖွဲ့ ထိတွေ့တိုက် ခိုက်မှုဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ ၃
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းKIA (ကချင်)အဖွဲ့မှ ဒေသခံပြည်သူများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နှောင့်ယှက်ပစ်ခတ်ခြင်းများကို စဉ်ဆက် မပြတ်ပြုလုပ် လျက်ရှိသည်။


ထိုသို့KIA(ကချင်)အဖွဲ့မှ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်နေခြင်း ကြောင့် တပ်မတော် စစ်ကြောင်းများက ဖားကန့် မြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်သို့ ရောက်ရှိစဉ်KIA (ကချင်)အဖွဲ့မှ အင်အား ၄ဝ ခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း များက ပြန်လည် ခုခံတိုက်ခိုက်ကာ အဆိုပါနေရာအား ထိန်းချုပ်သိမ်းဆည်းခဲ့သည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင်KIA (ကချင်)အဖွဲ့ထံမှ ပွိုင့်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်း ကျည်တောင့် ၃ဝ၊ လက်ပစ်ဗုံး နှစ်လုံး၊ ကေအိုကျည်တောင့် ၅ဝ၊ အမ်-၂၂ ကျည်အိမ်တစ်ခု၊ ဒီတိုနေတာ ၁၆၅ ချောင်း၊ ၄ဝ မမဗုံးသီး နှစ်လုံးKIA (ကချင်)ယူနီဖောင်း ၁၅ ထည်တို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ စစ်သည်လေးဦးကျဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရစစ်သည်မျာအား ခေါ်ဆောင်ရန်အတွက် ဆိပ်မူကျေးရွာမှ တပ်မတော်စစ်ကြောင်းများက လာရောက် ပူးပေါင်းဆောင်ရွက်စဉ် ဖားကန့်မြို့၏တောင်ဘက် တစ်မိုင်ခွဲခန့်နေရာသို့ရောက်ရှိစဉ်KIA (ကချင်)အဖွဲ့အချို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာKIA (ကချင်) အဖွဲ့မှ အလောင်းတစ်လောင်း၊ သံသယဖြစ်ဖွယ် ငါးဦး၊ လူနေတဲ ငါးလုံး၊ လမ်း လျှောက်စကားပြောစက် တစ်လုံးနှင့် ဆိုင်ကယ်သုံးစီးတို့အား သိမ်းဆည်းရမိခဲ့ပြီး ပတ်ဝန်းကျင် တစ်ဝိုက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment