Sunday, February 15, 2015

တရားရုံးအချုပ်ခန်းအပြင်တွင် သန့်ရှင်းရေးခိုင်းရာမှ တရားခံထွက်ပြေး

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၄
ကျိုင်းတုံမြို့မရဲစခန်းမှ အချုပ် ဖြင့်ဖမ်းဆီးထားကာ ချုပ်ရက်ရီမန် ယူရန်အတွက် တရားရုံးသို့ ခေါ် ဆောင်လာပြီး တရားရုံးအချုပ်ခန်း အပြင်သို့ သန့်ရှင်းရေးခိုင်းစေခဲ့ရာမှ ဖေဖော်ဝါရီ ၁၃ရက် ညနေ ၅ နာရီ ခွဲခန့်တွင် တရားခံတစ်ဦး ထွက်ပြေးမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့မရဲစခန်းမှ တရားစွဲဆိုနိုင်ရန် စီစဉ်ထားသော ပုဒ်မ(၃၆၇) ဖြင့်ချုပ်နှောင်ထိန်းသိမ်း ခံထားရသူ ကျိုင်းတုံမြို့ ရပ်ကွက်(၃)မြို့သစ်ရပ်နေ စိုင်းဆွတ်ယွတ် (၄၄ နှစ်)သည် တရားရုံးတွင် ချုပ်ရက် ရီမန်ယူရန်အတွက် ရုံးထုတ်ခေါ် ဆောင်လာ ခဲ့ပြီးနောက် တရားရုံး အချုပ်ခန်း၌ရှိနေစဉ် အချုပ်ခန်း အတွင်းမှ အမှိုက်နှင့်အညစ်အကြေးထည့်သည့်ပုံးကို အချုပ်ခန်း၏ ပြင်ပသို့ စွန့်ပစ်ရန်ခိုင်းစေခဲ့ရာမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်းဟု တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ထွက်ပြေး တိမ်းရှောင်သွားသည့် တရားခံကို အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင် ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)ရှိ ရဲတပ်ဖွဲ့စခန်းများနှင့် ကျိုင်း တုံမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများ သို့ တရားခံ၏ဓာတ်ပုံနှင့် ကိုယ်ရေး အချက်အလက်များကို ဖြန့်ဝေထား ပြီး ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဖုန်း-ဝ၈၄-၂၁ဝ၄ဝ နှင့် မြို့မရဲစခန်း ရုံး ဖုန်း-ဝ၈၄-၂၁၅ဝ၄ သို့ ဆက်သွယ် ၍ တာဝန်သိပြည်သူများက ထူးခြား ဖြစ်စဉ်တွေ့ရှိပါက ဆက်သွယ် သတင်း ပေး ပို့ကြရန် နှိုးဆော်ထားကြောင်း သိရသည်။ ကြည်မင်းဦး

No comments:

Post a Comment