နတ်မောက် ဖေဖော်ဝါရီ ၁
နတ်မောက်မြို့
ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ)ပြည့်အထိမ်းအမှတ်ပွဲတော်တွင် ဖွင့်လှစ်ပြသပြီး
ဗိုလ်ချုပ် နေအိမ်ပြတိုက်တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁ဝဝ) ပြည့်
မော်ကွန်းကျောက်စာတိုင် ထုဆစ်ခြင်း လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်
ဒီဇင်ဘာလမှစတင်ပြီး ၂ဝ၁၅ ဇန်နဝါရီ ၃၁ ရက်တွင် ပြီးစီးသွားပြီဖြစ်သောကြောင့်
မန္တလေးမြို့မှ နတ်မောက်မြို့သို့ သယ်ဆောင်ရန် စီစဉ် နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ
မော်ကွန်းကျောက်စာတိုင်မှာ အမြင့် ခြောက်ပေ၊ အကျယ်လေးပေနှင့် ထုထည်မှာသုံးပေ
ရှိပြီး သီတဂူ ဆရာတော်ကြီး၏ သြဝါဒကို ခံယူကာ ပညာရှင်များဖြစ်ကြသော ဗိသုကာပညာရှင်
ဦးဝင်းမောင် (တမ္ပဝတီ)မှ ပုံထုတ်ပေးပြီး ပန်းတိမ်ပညာရှင် ဦးတင်ထွန်းအောင်က
ဒေါင်းရုပ်နှင့်ကြယ်ကို ပြုလုပ်ပေးကြောင်း၊ ဗိုလ်ချုပ် တစ်ခြမ်းဖောင်းရုပ်တုအား
ကြေးသွန်းပညာရှင် ဦးလှမြင့် (ပြည့်ဝကြေးသွန်းလုပ်ငန်း)မှ သွန်းလောင်းကာ
စကျင်ကျောက်နှင့် ပတ်သက်သော လုပ်ငန်းများအား ပန်းတမော့ ပညာရှင် ဦးအောင်မင်း
(မုဒိတာကျောက်ဆစ် လုပ်ငန်း) မှ ထုဆစ်ပေးခဲ့ကြကြောင်းနှင့် မော်ကွန်းကိုလည်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်
သီတဂူ ဆရာတော်ကြီးက ရေးထိုးပေးခဲ့သည့်အပြင် စကျင်ကျောက်နှင့်
သယ်ယူစရိတ်ကုန်ကျငွေကျပ် သိန်း ၅ဝ ကို လည်း လှူဒါန်း ပေးကြောင်း ဦးဝင်းမောင် (တမ္ပဝတီ)
ကပြောသည်။
''ဗိုလ်ချုပ်ရဲ့
နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်မှာ ဗိုလ်ချုပ်ဆောင်ရွက်ခဲ့တဲ့ အချက်အလက်တွေကိုမော်ကွန်း
ကျောက်တိုင်နဲ့ ပြည်သူတွေသိအောင် ဂုဏ်ပြုဖော်ပြပေး ချင်တဲ့ရည်ရွယ်ချက်နဲ့
လုပ်ဆောင်ခဲ့တာပါ။ မော်ကွန်းနဲ့ ပတ်သက်လို့လည်း သီတဂူ ဆရာတော်ကြီးက ဗိုလ်ချုပ်ရဲ့
လုပ်ဆောင်ချက်တွေအများကြီးထဲက အဓိက အကျဆုံး အချက်နှစ်ချက်ပဲရှိတယ်။ အဲ့ဒါက
သူဟာလွတ်လပ်ရေး ဗိသုကာဖြစ်တယ်။ ပြီးတော့ မြန်မာ့ တပ်မတော်ရဲ့ ဖခင်ဖြစ်တယ်။
ဒါဟာအဓိကပဲလို့ မိန့်ခဲ့ပါတယ်'' ဟုပြောသည်။
မော်ကွန်းကျောက်တိုင်
ဗိသုကာပိုင်းဆိုင်ရာအဓိပ္ပာယ် ဖွင့်ဆိုချက်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည်
စစ်ရေး အရသာ မကနိုင်ငံရေးအရပါ ပါဝင်လှုပ်ရှားပြီး မြန်မာပြည်ကို ဖက်ဆစ်တို့၏လက်မှ
လည်းကောင်း၊ ကိုလိုနီနယ်ချဲ့ တို့၏လက်မှ လည်းကောင်း၊ လွတ်လပ်ရေးရအောင်ကြိုး
ပမ်းခဲ့သည့် မြန်မာနိုင်ငံ၏ သူရဲကောင်း တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ် တိုက်ခိုက်ဆောင်ရွက်ခဲ့သည့်
စစ်ရေးလှုပ်ရှားမှုများကို အနီရောင်နောက်ခံ၊ အဖြူရောင်ကြယ်ပွင့်ကြီးဖြင့် လည်းကောင်း၊
ဗိုလ်ချုပ်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးလှုပ် ရှားမှုများကို ရွှေရောင်ဥဒေါင်းရုပ်ကြီးဖြင့်လည်းကောင်း
စသည့်သင်္ကေတများ ထည့်သွင်းထုဆစ်ထားကြောင်း သိရသည်။
No comments:
Post a Comment