သထုံ ဖေဖော်ဝါရီ
၎
၂၀၁၅
ခုနှစ်၊ (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊
မရမ်းကုန်း ကျေးရွာ၊ ရွှေမာလာဘုရားဝင်း အတွင်း ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်က စည်ကားစွာ
ကျင်းပခဲ့ရာ
မွန်ပြည်နယ် အစိုးရအဖွဲ့ ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်ဖေမြ၊
သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဘသိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊
မွန် ကရင် ပအိုဝ်း တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ
အခမ်းအနား သဘာပတိ နိုင်ထွန်းမြင့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး မွန်ပြည်နယ်
ဝန်ကြီးချုပ် သီရိပျံချီ ဦးအုန်းမြင့်မှ မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော
သ၀ဏ်လွှာကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ဖတ်ကြားသည်။
ယင်းနောက်
မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို မွန်ဘာဖြင့် တမံကြီးမွန်ကျောင်းဆရာတော်အရှင် စန္ဒ၀ရ
ကလည်းကောင်း၊ အမျိုးသားနေ့ ဂုဏ်ပြုစကားကို ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ဟန်ဝင်းအောင်က
လည်းကောင်း၊ မွန်လူမျိုးများ သမိုင်းကြောင်းကို ကော်မတီဝင် တစ်ဦးဖြစ်သူ နိုင်တင်ဝင်းဦးက
လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကာ ကျေးရွာအတွင်း မွန်အမျိုးသားနေ့ အခမ်းအနား
ကျင်းပခွင့် ရရှိခြင်းနှင့် ပတ်သက်၍ မရမ်းကုန်းကျေးရွာ ရပ်မိရပ်ဖ ဦးထွန်းကျော်က ကျေးဇူးတင်
ဝမ်းမြောက်စကား ပြောကြားသည်။
ဆက်လက်၍
သထုံမြို့နယ် အတွင်းရှိ မွန်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ကျင်းပရေး ကော်မတီဝင်
များက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး မွန်၊ ကရင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက
ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။



No comments:
Post a Comment