နေပြည်တော် ဖေဖော်ဝါရီ ၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့်
(၁၂)ကြိမ်မြောက်
အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (12th ACDFIM) သို့ တက်ရောက်ရန်အတွက်
ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်း နောင်နှင့်
တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးH.E.Dato’
Dr.Ahmad Faisal Bin Muhamad တို့က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
(၁၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး
(11th ACDFIM)ကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ၂ဝ၁၄ ခုနှစ် မတ် ၄ ရက်မှ ၆
ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး (12th ACDFIM) ကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ
၁၁ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
ထို့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ ၉
ရက်အထိ ကျင်းပလျက်ရှိသည့် (12th AMIIM)နှင့် (5th AMOIM)အစည်းအဝေးများ သို့ တက်ရောက်ရန်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သည့် ကိုယ်စား
လှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်တွင် မလေးရှားနိုင်ငံ သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

No comments:
Post a Comment