Wednesday, February 11, 2015

ဒေသဖွံ့ဖြိုးရေးအရှည် ခုနှစ်မိုင် ကျော်ရှိ ကျေးလက်မြေသားလမ်း ဖောက်လုပ်

ရေတာရှည် ဖေဖော်ဝါရီ ၁ဝ
ကျေးလက်ဒေသများ ခရီးလမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ကျေးလက် ဦးစီးဌာနမှ ကြီးကြပ်၍တင်ဒါ စနစ်ဖြင့် EDU နှင့် AMG ကုမ္ပဏီတို့မှ ဘုရားကုန်းကျေးရွာ အုပ်စု ကံလှကျေးရွာနှင့်



ဆပ်သေကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသော အရှည် ခုနစ်မိုင် ခြောက်ဖာလုံရှိလမ်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးခွင့်ပြု ငွေကျပ် ၈၄ သန်းဖြင့် ဖောက်လုပ်လျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ အရှည် လေးမိုင်ကျော် ပြီးစီးပြီးဖြစ်သည်။
အဆိုပါ လမ်းပိုင်းပြီးစီးသွားပါက ခရိုင်ချင်းဆက်လမ်း ပေါ်ရှိ ကံလှ၊ လယ်သာကျေးရွာများအပြင် ဝါးရုံလဲ (တောင်ရွာ)၊ ဝါးရုံလဲ(မြောက်ရွာ)၊ ရဲကုန်းကျေးရွာ များတွင်နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်-မန္တလေးကားလမ်းကို အချိန်တိုအတွင်းသွားလာ နိုင်ကြတော့မည်ဖြစ်သည်။ ''လမ်းပြီးသွားရင် ကျွန်တော် တို့ဒေသအတွက် အများကြီးကို အဆင်ပြေသွားပြီပေါ့၊ မြို့ကိုသွားချင်ရင် ကြာကန်ဘက်က နေပတ်ပြီး သွားနေရ တော့ ခရီးကဝေး၊ ကုန်ကျစရိတ်ပိုကုန်တာပေါ့'' ဟု ဝါးရုံလဲ ကျေးရွာနေ ဦးတင်မွှေးက ပြောပြသည်။ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းဒေသများသည် စပါး၊ ပဲအမျိုးမျိုးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စိုက်ပျိုးသည့်အပြင် ကျန်းမာရေး၊ လူမှုရေး၊ အခြားသောစီးပွားရေးလုပ်ငန်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

No comments:

Post a Comment