Wednesday, February 11, 2015

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကို ရရှိနိုင်မည်

၂ဝ၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း ထွက်ပေါ်လာစေရန် ရည်မှန်းကြိုးစားမှုတွင် မိမိတို့၏ ထက်သန်ပြီး စစ်မှန်သည့် စိတ်ဓာတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ၍ ''ဒေသတွင်းပြည်သူ့ဘဝ တည်ငြိမ် လုံခြုံဖို့ ပြည်သူ့အားဖြင့် ထိန်းသိမ်းစို့'' ဟူသည့် ဆောင်ပုဒ်အတိုင်း အောင်မြင်အောင် ဖော်ဆောင်နိုင်မည် ဟုလည်း ယုံကြည်မိပါကြောင်း၊



ကမ္ဘာ့နိုင်ငံအသီး သီးတွင် နိုင်ငံတိုင်းသည် ပြည်သူလူထု ၏ လူနေမှုဘဝ လုံခြုံမြင့်မားစေရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သဘာဝဘေး အန္တရာယ် ဆိုင်ရာကိစ္စရပ်များ၊ အခြားသောဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များ၊ ပြည်သူ့ဘဝလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် အနှောင့်အယှက်ပြုနေသည့် အကြမ်းဖက်သမားများ၏ အဖျက်လုပ်ငန်းများအား ဖြေရှင်း ဆောင်ရွက်ခြင်း၊ ကာကွယ်တား ဆီးနိုင်ရန်အတွက် ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစည်း ဆောင်ရွက် ခြင်းများ လုပ်ဆောင်လာပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ဒေသစ်ံချိန် နံနက် ၈ နာရီတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Shangri-La Hotel Sabah Grand Ballroom ၌ ကျင်းပသော (၁၂) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (12th ACDFIM) တွင် ဆွေးနွေး ပြောကြား သည်။
အဆိုပါအစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဘရူနိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Major General Dato Paduka Seri Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Pol Saroeun၊ အင်ဒိုနီးရှားအမျိုးသားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Dr . Moeldoko ၊ လာအိုပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone ၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin၊ ဖိလစ်ပိုင်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် Lieutenant General John Sarmiento Bonafos AFP၊ စင်ကာပူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lieutenant General Ng Chee Meng၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Worapong Sanganetra ၊ ဗီယက်နမ်တပ်မတော် စစ်ဦးစီးချုပ် Senior Lieutenant General Do Ba Ty နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ကြသည်။
ထို့နောက် အစည်းအဝေးသဘာပတိ မလေးရှားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.) Haji Zukifeli Bin Mohd Zin က (၁၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (12th ACDFIM )ကို အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်ပြီး 12th ASEAN Military Intelligence Informal Meeting (AMIIM) အစည်းအဝေးခေါင်းဆောင် မလေးရှားတပ်မတော်မှ ထောက်လှမ်းရေးမှူးချုပ် Lieutenant General Datuk Abdul Hadi Bin Haji Hussin နှင့် 5th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေးခေါင်းဆောင် မလေးရှားတပ်မတော်မှ Assistant Chief Of Staff Rear Admiral Dato' Anuwi Bin Hassan အစည်း အဝေးရလဒ်များအား တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသဘာပတိ မလေးရှားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Zulkifeli Bin Mohd Zin ဦးဆောင်၍ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များက သက်ဆိုင်ရာခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ် အလိုက် ဆွေးနွေးကြသည်။
ထိုသို့ ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသတွင်း အဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင် ရွက်မှုအနေဖြင့် အာဆီယံ အဖွဲ့အစည်းသည် ဆွေးနွေးဖက် နိုင်ငံများနှင့် အောင်မြင်သော ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခြင်း၊ အာဆီယံအဖွဲ့အစည်းအတွင်း ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အာဆီယံနိုင်ငံများနှင့် အခြားသောအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများဖြင့် ဒေသတွင်း ဖြစ်ပေါ် နေသော အခြေအနေများပေါ်မူတည်၍ သတ်မှတ်ထားသော စည်းကမ်းမူဘောင်အတွင်း အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ပြီး ဒေသတွင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့ သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုထိန်းသိမ်း ရေး၊ အာဆီယံဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ ယုံကြည်မှုတည်ဆောက်ခြင်း ကိစ္စရပ်များ ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ရေးနှင့် တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများအား ဒေသတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် တန်ပြန်အကြမ်း ဖက်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ပွင့်လင်းစွာဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် အကြမ်းဖက်မှုများနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတစ်နိုင်ငံတည်းတွင်သာ အတည်တကျ ဆောင်ရွက်မှုမျိုးမဟုတ်ဘဲ နိုင်ငံအသီးသီးရှိ ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်းနှင့် ကွန်ရက်သဖွယ် ချိတ် ဆက်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး အပြန်အလှန်ထောက်ပံ့ ကူညီခြင်းနှင့် အကာအကွယ်ပေးခြင်း တို့အား ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အခြေခံသတင်း မျှဝေမှုစနစ်ကဲ့သို့သော သတင်းဖလှယ်မှု များလည်း ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ လူသားလုံခြုံရေးနှင့် ပတ်သက်၍ လူမှုဝန်းကျင်အတွက် အရေးကြီးသောကဏ္ဍများဖြစ်သည့် မြို့ပြနေရာ ချထားမှု၊ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်နှိမ်နင်းမှု၊ ရောဂါဝေဒနာရှင်များအား ကာကွယ် စောင့်ရှောက်မှု၊ လက်နက်နှင့် မူးယစ်ဆေး ဝါးများ ကူးသန်းရောင်းဝယ်မှု၊ သဘာဝ ပတ်ဝန်းကျင်ဘေးန္တရာယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက် မှုများကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများသည် စုပေါင်းစွမ်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ ဒေသတွင်းစီးပွားရေးအင်အား ခိုင်မာတောင့်တင်းရန် ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် အကြမ်းဖက်မှုမှန်သမျှကို တိုက်ထုတ်ချေမှုန်းရမည်ဖြစ်ပါကြောင်း၊ အာဆီယံ ဒေသတွင်း နိုင်ငံများ အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှန်သော တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုကိုရရှိနိုင်မည်ဖြစ်ပြီး အကြမ်းဖက်ဟူသော ဝေါဟာရကို အာဆီယံနိုင်ငံများအကြားမှ အပြီးသတ်ဖယ်ရှားနိုင်လိမ့် မည်ဟု မိမိအနေဖြင့် ယုံကြည်မိပါကြောင်း၊ အနာဂတ်ကာလများတွင်လည်း အာဆီယံဒေသတွင်း ပြည်သူလူထု၏ဘဝ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အာဆီယံဒေသအတွင်းရှိ ပြည်သူများ၏ ရင်းနှီးချစ်ကြည်စွာပူးပေါင်းဆောင် ရွက်မှုများမှသည် စုစည်းညီညွတ်သည့် တစ်ခုတည်းသော အာဆီယံအသိုက်အဝန်းကြီးအား ဖော်ဆောင်ရန် တိုက်တွန်း အပ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံတပ်မတော်များ၏ ၂ဝ၁၅-၂ဝ၁၇ နှစ်နှစ်လုပ်ငန်း စီမံချက်အား ဆွေးနွေးကြပြီး (၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (12th ACDFIM) ပူးတွဲ ကြေညာချက်အား လက်မှတ်ရေးထိုးကြသည်။
ထို့နောက် မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri (Dr.)Zulkifeli Bin Mohd Zin က အစည်းအဝေးနိဂုံးချုပ် နှုတ်ခွန်းဆက်စကားပြောကြားပြီး (၁၃)ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (13th ACDFIM ) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လာအိုပြည်သူ့တပ်မတော်ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone အား တာဝန်လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် လာအိုပြည်သူ့တပ်မတော်ဒုတိယစစ်ဦးစီးချုပ် Brigadier General Khamlieng Outhakasone က လက်ခံနှုတ်ခွန်းဆက်စကား ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment