Saturday, February 14, 2015

လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားရာ လူ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၄
လောက်ကိုင်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက အင်အားဖြည့် တင်း၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လောက်ကိုင်မြို့တွင်း၌ ကိုးကန့်တိမ်းရှောင် အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။


လောက်ကိုင်မြို့အတွင်း၌ အမာခံသတင်းပေးများ၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ မြို့တွင်းရှိသောင်းကျန်းသူ စိမ့်ဝင်အခြေပြုနေရာများ တွင် ယနေ့နံ နက်ပိုင်းမှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ည(၇)နာရီချိန်ထိ သောင်းကျန်းသူထံမှ လက်နက်ငယ် မျိုးစုံ (၉၈)လက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းနှင့် သောင်းကျန်းသူအလောင်း(၁၃)လောင်းတို့အား သိမ်းဆည်းရမိ ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသူ (၈)ဦးတို့အား ဖမ်းဆီးရရှိခဲ့ကြောင်းနှင့် လောက်ကိုင်မြို့နယ်နှင့်ဆက်စပ် ဒေသများ တွင် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment