Sunday, February 1, 2015

၂၀၁၅ ခုနှစ်၊ အားကစားဝန်ကြီး၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ် နှင့်အောက် အမျိုးသား (၄) ပေါက်တန်း ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ၊ အူရီဒူးဖလားဝိုင်းဖွဲ့စွမ်းရည်ပြ အလှခတ်ပြိုင်ပွဲဆုပေးပွဲ ကျင်းပ






ရန်ကုန် ဖေဖေါ်ဝါရီ ၁
မြန်မာ့ခြင်းလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပိုမို ပေါ်ပေါက်လာစေ ရန်နှင့် ထူးချွန်သောနိုင်ငံကိုယ်စားပြု အားကစားသမားများ ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များ ဖြင့်အားကစား ဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ် နှင့်အောက်
အမျိုးသား (၄) ပေါက်တန်း ဝိုင်းဖွဲ့အမှတ်ခတ်ပြိုင်ပွဲနှင့် အူရီဒူးဖလားဝိုင်းဖွဲ့စွမ်းရည်ပြ အလှခတ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ (၃၁) ရက်၊ နံနက် (၉) နာရီ က လပွတ္တာ မြို့နယ်ရှိ ရဲတံခွန် အားကစားခန်းမ၌ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်၊ တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ  အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်က အသက် (၂၅) နှစ်နှင့် အောက် အမျိုးသား (၄) ပေါက်တန်း ဝိုင်းဖွဲ့ အမှတ်ခတ် ပြိုင်ပွဲတွင် ဆုရရှိသော ပထမဆုရ ရန်ကုန်အသင်း၊ ဒုတိယဆုရ မြင်းခြံအသင်း၊ တတိယဆုရ Top star အသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု များကိုလည်းကောင်း၊ လပွတ္တာမြို့ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဦးက အူရီဒူးဖလားဝိုင်းဖွဲ့ စွမ်းရည်ပြအလှခတ်ပြိုင်ပွဲတွင် ဆုရရှိသော ပထမဆုရ Top star အသင်း၊ ဒုတိယဆုရ မကွေးတိုင်းဒေသကြီးအသင်း၊ တတိယဆုရ မန္တလေးတိုင်းဒေသကြီး အသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း အသီးသီးဆုများ ပေးအပ ချီးမြှင့်ခဲ့ကြသည်။

ပြိုင်ပွဲများ၌ တက်သစ်စ အားကစားသမားဆုကို ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၂) ရွှေသာအောင်၊ အတိုးတက်ဆုံး အားကစားသမားဆုကို မကွေးတိုင်းဒေသကြီး အသင်းမှ ကျောနံပါတ် (၅) ရဝေအောင်၊ အကောင်းဆုံး အားကစားသမားဆုကို မြင်းခြံအသင်းမှ ကျောနံပါတ် (၁) အောင်မိုးကျော်တို့က ရရှိသွားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment