Saturday, February 14, 2015

မြန်မာ-စင်ကာပူနှစ်နိုင်ငံ လေကြောင်းပျံသန်းမှုနှင့် လေယာဉ်ကွင်းတည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃
စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးMrs.Josephine Teo ၏ဖိတ်ကြားချက်အရ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ဦးဆောင်၍ အဖွဲ့ဝင် သုံးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံသို့ ဖေဖော်ဝါရီ ၈ ရက်မှ ၁၁ ရက်အထိ အလုပ်သဘော သွားရောက်ခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁ဝ ရက် နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဌာနဝန်ကြီး Mr.Lui Tuck Yew နှင့်သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသော ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင် ဘဏ္ဍာငွေအပေါ် ရပ်တည်၍ Corporatization အသွင်ပြောင်းလဲ နေမှုများ၊ နှစ်နိုင်ငံလေကြောင်း ပျံသန်းမှု ကိစ္စရပ်များနှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တည် ဆောက်မှုကိစ္စရပ်များအား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။
နေ့လယ်ပိုင်းတွင် စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs.Josephine Teo က နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံစဉ် နှစ်နိုင်ငံလေကြောင်း ဆက်သွယ်ပျံသန်းမှုတိုးမြှင့်ရေး၊ မြန်မာ့အမျိုး သားလေကြောင်း စင်ကာပူနိုင်ငံသို့ ပျံသန်းရေး၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းတွင် စင်ကာပူ နိုင်ငံ၏ နိုင်ငံပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Changi Airport Group နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဒေသတွင်း လေကြောင်း ပျံသန်းမှုဆိုင်ရာ သဘောတူညီချက်များ နှင့် အာဆီယံ-တရုတ်လေကြောင်း ပျံသန်းမှုဆိုင်ရာ သဘောတူညီချက်များ အကောင်အထည်ဖော်ရေးကိစ္စ ရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ပါ သည်။ ညပိုင်းတွင် စင်ကာပူနိုင်ငံ Civil Aviation Authority of Singapore၏ တာဝန်ရှိသူများက ညစာဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။
ခရီးစဉ်အတွင်းSingapore Aviation Academy,Changi International Airport,ATR Training Centre နှင့် Boeing Training Centre များသို့ သွားရောက် လေ့လာခဲ့ပြီး လေယာဉ်မှူးများ၊ လေယာဉ်မောင်မယ်များ၊ အင်ဂျင် နီယာများ၊ လေဆိပ်များတွင် စီမံခန့်ခွဲ မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများ နှင့်သက်ဆိုင်သည့် သင်တန်းအသီးသီးသို့ မြန်မာနိုင်ငံမှ စေလွှတ်လေ့ကျင့်ပေးမှု ဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်ဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး Mr.Robert Chua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြောင်း သိရသည်။ 

No comments:

Post a Comment