တောင်တွင်းကြီး ဖေဖော်ဝါရီ ၎
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာန၏၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုငွေ ၈ဝ ဒသမ ၂ သန်းဖြင့် အရှည် ၁/၃ ဒသမ
၆ မိုင်ရှိ တောင်တွင်းကြီးမြို့နယ် ဆတ်သွား -ထန်းပင်ကုန်းကျေးရွာ ချင်းဆက် မြေသားလမ်းကို
ကျောက်ချော လမ်းအဖြစ် ဖေဖော်ဝါရီ ၂ ရက် ညနေ ပိုင်းက လုပ်ငန်းများဆောင်ရွက် ပြီးစီးမှု
အခြေအနေများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ချောလမ်းပြီးစီး
သွားပါက လယ်သာ (၁-၂) အုပ်စု ဆတ်သွားအုပ်စုများမှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူ
စုစုပေါင်း ၆ဝဝဝ ကျော်တို့ အချိန်အခါ မရွေး အလွယ်တကူသွားလာနိုင်မည် ဖြစ်ပြီး ဒေသထွက်ကုန်များကို
တောင်တွင်းကြီးမြို့မှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေးအစရှိသည့် မြို့ကြီးများသို့
ပို့ဆောင်ပေးနိုင်ကာ ကုန်စည်စီးဆင်းမှု အထောက်အကူပြုမည်ဖြစ် ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်လာသည်နှင့်အမျှ ကုန် စည်တွေလည်း အချိန်နှင့်တစ်ပြေးညီ ဈေးကွက်ရှိရာသို့
တင်ပို့ရောင်းချ နိုင်သည့်အတွက် ကျေးလက် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊
စားဝတ်နေရေး၊ ပညာရေး အစရှိသည့် ဒေသဖွံ့ဖြိုးမှုများကို များစွာ အထောက်အကူ ဖြစ်စေကြောင်း
ထန်းပင်ကုန်းကျေးရွာ လှေဝန်းကျောင်းတိုက် ဆရာတော် ဦးနန္ဒဝံသက မိန့်ကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment