နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်
လက်ခံကျင်းပပြု လုပ်ခဲ့သော(၁၂)ကြိမ်မြောက်
အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ
အလွတ် သဘော အစည်းအဝေး (12th ACDFIM )သို့ တက်ရောက်ခဲ့ပြီး ယနေ့ ဒေသ စံတော်ချိန် ညနေ
၎ ခွဲနာရီတွင် ကွာလာလမ်ပူမြို့ ဆူဘန်းလေဆိပ်မှ
လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား မလေးရှား တပ်မတော်မှ Maj-Gen.
Dato' Hanafiah Jaafar (Assistant Chief
Of Staff, Defence Logistic) ၊ Brig-Gen. Dato' Mohd Azmi Borhan
(Armed Forces Provost Marshall) ၊ မလေးရှား
နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် စစ်သံမှူးတို့က ဆူဘန်းလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင်
ရန်ကုန်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊
မြန်မာနိုင်ငံဆိုင်ရာ မလေးရှား နိုင်ငံသံအမတ်ကြီး H.E. Mohd Haniff Bin Abd Rahman နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိ သည်။
No comments:
Post a Comment