နေပြည်တော်
ဇန်နဝါရီ ၂၁
စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ကိုရီးယားသမ္မတနိုင်ငံ Bo Sung
Powertec Co., Ltd မှ Vice
Chairman ဖြစ်သူ Mr. Ban Ki Ho ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ (၁)နာရီတွင်
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ် (SMIDB)
များအတွက် နိုင်ငံတကာမှ ချေးငွေအထောက်အပံ့ ပေးလိုသူများနှင့် ချိတ်ဆက်ပေးရေးနှင့် ပတ်သက်၍
လည်းကောင်း၊ သံမဏီလုပ်ငန်းများနှင့် လျှပ်စစ်ပစ္စည်း စက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင်
Bo Sung
Powertec Co., Ltd အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်
ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအား
မွန်းလွဲ (၂)နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ UYANG INDUSTRIAL Co., Ltd ၏ hief
Executive Officer ဖြစ်သူ Mr. Jung Hoon LEE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ စက်မှုဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး UYANG
INDUSTRIAL Co.,Ltd မှ ထုတ်လုပ်သည့်
ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ မိတ်ဆက်တင်ပြပြီး အနာဂတ်တွင် စက်မှုဝန်ကြီးဌာနနှင့်
အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးအား မွန်းလွဲ (၃)နာရီတွင် ဂျာမနီနိုင်ငံ Recycle Engineering
Co., Ltd မှ Enterpreneur ဖြစ်သူ Mr.
Thomas Volker Sack ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌
လာရောက်တွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ ထွက်ရှိလာသည့် Industrial Waste များကို စွန့်ပစ်ရာ၌ ပတ်ဝန်းကျင်ထိခိုက်မှု
မရှိစေရန်အတွက် Hazard Chemical Treatment
Plants တည်ဆောက်ရေး၊ မြေနေရာ ငှားရမ်းရေးကိစ္စတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးအား
မွန်းလွဲ (၃)နာရီခွဲတွင် United Nations မှ Hummanitarian Coordinator ဖြစ်သူ Ms. Renata Lok- Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်
ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ပင် တွေ့ဆုံပြီး စက်မှုဝန်ကြီးဌာနမှ Industrial Policy ရေးဆွဲနေမှု အခြေအနေ၊ မြန်မာနိုင်ငံရှိ
SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲများသို့
စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:
Post a Comment