ထားဝယ်
ဇန်န၀ါရီ ၂၇
ထားဝယ်တက္ကသိုလ် ၊ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ
ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၆
ရက်နေ့ ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် အားကစားရုံ၌
ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီး ဦးသန်းအောင်၊ ထားဝယ်တက္ကသိုလ် တာဝန်ခံ
ပါမောက္ခချုပ်ဒေါက်တာဘဟန်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့်
ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးသည်။
ထိုနောက်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ
အမျိုးသား ဘော်လီဘောပြိုင်ပွဲ ပထမဆုရ သင်္ချာအသင်း၊ ဒုတိယဆုရ ဘူမိဗေဒအသင်း၊ တတိယဆုရ ဓာတုဗေဒအသင်း၊
အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ပထမဆုရ ပထ၀ီဝင်အသင်း၊ ဒုတိယဆုရ သင်္ချာအသင်း၊ တတိယဆုရ
မြန်မာစာအသင်းနှင့် အကောင်းဆုံး အာကစားသမားဆုရ ရရှိသူများ ကို တိုင်းဒေသကြီး
အစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီးဦးသန်းအောင်၊ တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် အားကစားနှင့်
ကာယပညာကော်မတီမှ တာဝန်ရှိသူ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများက ဆုများချီးမြှင့်သည်။
ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ
ဘော်လီဘောပြိုင်ပွဲကို ဇန်န၀ါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပပြီး ဘာသာရပ် ၁၁
ခု မှ အမျိုးသား ၁၁ သင်းနှင့် အမျိုးသမီး ၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment