တောင်ငူ
ဇန်နဝါရီ ၂၅
တောင်ငူမြို့နယ်အတွင်းရှိ အသက် ၁ဝဝနှင့်အထက်
အဘိုး အဘွား ငါးဦးကို နိုင်ငံတော်သမ္မတ က ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုလွှာ နှင့်ထောက်ပံ့ငွေပေးအပ်ခြင်းကို
ဇန်န ဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီမှ စတင်၍ အိမ်တိုင်ရာရောက်ပေး အပ်ချီးမြှင့်ခဲ့သည်။
အသက် ၁ဝဝ ပြည့်ပြီးဖြစ် ကြောင်း သိရှိရပါသဖြင့်
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဆက်လက် နေထိုင်နိုင်ပါစေကြောင်း ဆုမွန် ကောင်းပြုလျက်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ဂုဏ်ပြုခံ သက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် ဂုဏ် ယူစွာ
အသိအမှတ်ပြုသူများ တောင်ငူမြို့နယ လက်ခုပ်ကုန်း ကျေးရွာနေ ဒေါ်ကျင်နု ၁ဝ၆ နှစ်၊ တောင်ငူမြို့
ဦးဝင်းစူလမ်းနေ ဦးအောင်မြင့် ၁ဝ၄ နှစ်၊ တောင်ငူမြို့ (၂၁) ရပ်ကွက်နေ ဦးဂျွန်ဘွယ်လာ
၁ဝ၂ နှစ်၊ တောင်ငူမြို့ ကုန်သည် ကြီးလမ်းနေ ဦးလှတင် ၁ဝ၁ နှစ်၊ တောင်ငူမြို့ ၁ လမ်းနေ
ဒေါ်အမာ ၁ဝဝ နှစ် တို့ငါးဦးကို ပဲခူးတိုင်း ဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး
ဦးတင်စိုးနှင့် တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း တို့အဖွဲ့က ဂုဏ်ပြု
လွှာနှင့် ထောက်ပံ့ငွေများကို အိမ် တိုင်ရာရောက် ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

No comments:
Post a Comment