Friday, January 30, 2015

ပြည်သူလူထုကျန်းမာရေးအတွက် ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ (၂၇)ကြိမ်မြောက် ကွင်းဆင်းဆေးကုသ

ပုလော ဇန်န၀ါရီ ၂၉ ရက်




ထိုသို့ ကွင်းဆင်းဆေးကုသပေးရာတွင် မျက်စိရောဂါအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းရောဂါအထူးကုဆရာဝန်ကြီး၊ နား နှာခေါင်း လည်ချောင်းရောဂါ အထူးကုဆရာဝန်ကြီး၊ အရိုး အကြော အရေပြားရောဂါအထူးကုဆရာဝန်ကြီး၊ သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနှင့် မြန်မာ့တိုင်းရင်းဆေးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမြသိန်းဟန် ဦးဆောင်၍ ပြည်သူများအား အခမဲ့ဆေးကုသပေးလျက်ရှိသည်။
မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးပေး၍ မျက်မှန်များအခမဲ့ လှူဒါန်းခြင်း။ ခွဲစိတ်ရန်လိုအပ်သော ဝေဒနာရှင် များအား ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသပေးခြင်း၊ မြိတ်၊ ထားဝယ်နှင့် ရန်ကုန်မြို့ များတွင် ခွဲစိတ်ရန် လိုအပ်ပါက စရိတ်ငြိမ်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း မှ ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန် ကြီးများနှင့် သူနာပြု (၁၂၅)ဦးမှ ဇန်န၀ါရီလ(၂၈)ရက်မှ (၃၀)ရက်နေ့ အထိ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ ဆေးစစ်ကုသပေးသွား မည်ဖြစ်ပြီး ပြည်သူများ ကျန်းမာရေးဗဟုသုတများ ရရှိစေရန်အတွက် ပညာပေး လက် ကမ်း စာစောင်များလည်း ဖြန့်ဝေပေးလျက်ရှိသည်။ ပြည်သူများအား ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိပြီး ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း မှ ကျန်းမာရေးဆေး ပေးခန်းများအတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment