Monday, December 1, 2014

မရမ်းကုန်းမြို့နယ်ရှိ အမှတ်(၁၁) အကြီးစားစက်ရုံ(ရန်ကုန်) ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၃ဝ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ အမှတ်(၁၁)အကြီးစား စက်ရုံ(ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်လျာထား သည့်အတိုင်းပြီးစီးရေး၊ တွေ့ကြုံရသည့်အခက်အခဲ များကို တာဝန်ရှိသူများနှင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်း အဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စီမံကိန်းပြီးစီးပါက ထုတ်လုပ်မှုလုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ကို ကြိုတင်လေ့လာ ဆောင်ရွက်ထားရှိရေး၊ ဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချနိုင်ရေးအတွက် ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ရေး၊ ထုတ်လုပ်ရေးအပိုင်းတွင်လည်း ကုန်ကျစရိတ်သက်သာစွာဖြင့် အလေအလွင့် အနည်းဆုံးအရည်အသွေးရှိသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ကြရမည်ဖြစ်ကြောင်း၊ ရောင်းချရေး အပိုင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်ကြရမည်ဖြစ် ကြောင်း၊ ထုတ်လုပ်သမျှ ကုန်ကျန်မရှိ ရောင်းချနိုင် အောင် မြေုနအငညါ ကို ကျွမ်းကျင်နေကြရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက် ညီညီအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏သွားနေသည့် လမ်းကြောင်းနှင့် ဆောင်ရွက်နေသည့်အခြေအနေ များကို သိရှိနားလည်ထားရန်နှင့် မိမိဝန်ကြီးဌာန၏ ဆောင်ရွက်ဆဲစီမံကိန်းလုပ်ငန်းများတိုးတက်အောင် မြင်ရေး၊ သတ်မှတ်လျာထားချက်အတိုင်းပြီးစီးရေး တို့ကို ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားကြောင်း သိရသည်။

No comments:

Post a Comment